အခန်း (၁၂၃) မယုံဘူ

2.8K 474 7
                                    


အခန်း (၁၂၃) မယုံဘူး






ရွှီကျောက်သည် ရွှီဖန်လက်ညှိုးထိုးပြနေသည့် ဘက်သို့ လိုက်ကြည့်လိုက်ပြီး စွေ့တင်းချန်ကို မမြင်ရသော်လည်း စွေ့တင်းချန်၏ အနက်ရောင်ကားလေးကို တွေ့လိုက်ရလေ။ သန့်ရှင်းပြီး တောက်ပြောင်နေသော အနက်ရောင်ကားသည် သူတို့ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်လာလေသည်။ သူ မတ်တပ်ထရပ်လိုက်ပြီး လယ်ကွင်းအစွန်းတွင် ရပ်နေသော ရွှီဖန်ကိုလည်း အလိုအလျောက် ဆွဲထူလိုက်လေ၏။


ကားလေး ဖြည်းညှင်းစွာရပ်သွားပြီး စွေ့တင်းချန် ကားထဲမှ ထွက်လာသည်ကို သားအဖနှစ်ယောက် စောင့်ကြည့်နေကြလေ၏။ စွေ့တင်းချန်သည် သက်တောင့်သက်သာရှိသော နွေဦးအဝတ်အစားများကို ၀တ်ဆင်ထားလေသည်။ သူသည် အရပ်ရှည်ပြီး အလွန်ချောမောကာ သာမန်ထက်ထူးကဲပုံပေါက်လေသည်။


ရွှီဖန်က ချက်ချင်းဆိုလေ၏။ " ပါးပါး၊ စွေ့အာ့ရယ် ရောက်လာပြီ "


ရွှီကျောက် အသိအမှတ်ပြုသံပြုလိုက်ပြီး စွေ့တင်းချန်ကို ညင်သာစွာ ပြုံးပြလိုက်သည်။


စွေ့တင်းချန်ကလည်း တည်ငြိမ်စွာ ပြုံးပြသော်လည်း အပြုံးသည် သူ့မျက်လုံးများထဲမှ အတန်ကြာရှိနေခဲ့သည့် တုံ့ဆိုင်းမှု အရိပ်အယောင်ကို မပျံ့လွင့်သွားစေခဲ့ချေ။ သို့သော်လည်း ရွှီကျောက်သည် ၎င်းကို သတိမထားမိခဲ့ချေ။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် သူ့ဆီသို့ လျှောက်လာခဲ့လေသည်။


သူ့ကားကို ခရိုင်မြို့ကနေ ဤနေရာသို့ မောင်းလာခဲ့ခြင်းဖြစ်သည်။ မူလက နန်၀မ်းရွာသို့ တိုက်ရိုက်မောင်းသွားချင်သော်လည်း သူ့မသိစိတ်ကနေ သစ်သီး၀လံဖန်လုံအိမ်ဆီ မောင်းလာခဲ့ပြီး လယ်ကွင်းအစွန်းတွင် ထိုင်နေသည့် ရွှီကျောက်နှင့် ရွှီဖန်ကို တွေ့လိုက်ရလေ၏။ ထို့ကြောင့် သူ သူတို့ဆီ တိုက်ရိုက်လျှောက်သွားပြီး လှမ်းမေးလိုက်၏။ "မင်းတို့ ဘာလို့ ဒီမှာထိုင်နေကြတာလဲ"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now