အခန်း(၁၂၅) သား

3.3K 533 16
                                    


အခန်း(၁၂၅) သား




ရှန့်ကျားယန်လား။


ရှန့်ကျားယန်က ဘာလို့ဖုန်းခေါ်တာလဲ။


ရှန့်ကျားယန်တွင် ဘယ်လိုတောင် မျက်နှာနှစ်ခုရှိပြီး အရှက်ကင်းမဲ့စွာ ပြုမူခဲ့ပုံကို သတိရလိုက်ပြီး ရွှီကျောက်သည် ရွံရှာမှုအပြည့်ရှိသော်လည်း သတိလည်းရှိနေခဲ့သည်။ သို့သော်လည်း သူသည် တည်ငြိမ်မှုကို ထိန်သိမ်းလိုက်ကာ ပြောလိုက်၏။ "အိုး၊ အဲဒါ မင်းပဲ။ တစ်ခုခုလိုလို့လား"


"တစ်ခုခုတော့ရှိတယ်" ရှန့်ကျားယန်၏အသံသည် ဘယ်သောအခါမှ ယင်ကောင်ကိုပင် မနာကျင်စေနိုင်သည့် လူတစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့စွာ အသံထွက်နေလေ၏။


ရွှီကျောက် မေးလိုက်၏။ " ဘာလဲ "


ရှန့်ကျားယန်သည် စက္ကန့်အနည်းငယ်မျှ ရှက်ရွံ့သွားပြီးနောပ် ပြောလေ၏။ "အင်း၊ ကောင်းပြီ၊ တင်းချန် မင်းနဲ့အတူရှိနေလား "


တင်းချန်တဲ့လား။


တင်းချန်။


အရာအားလုံးပြီးဆုံးပြီးနောက် သူသည် သူ့နာမည်ကိုပင် တရင်းတနှီး ခေါ်နေသေးသည်။ ဤသည်မှာ တကယ်ပင် ရှန့်ကျားယန်ဖြစ်၏။


ရွှိီကျေ။က်သည် သက်ရောက်မှုမရှိဘဲ တိုက်ရိုက်ပြန်ဖြေလိုက်၏။ " သူ မရှိဘူး။ ကိစ္စရှိလို့လား "


ရှန့်ကျားယန်သည် သိပ်ဂရုမစိုက်သည့်အသံနှင့် ဆိုလေ၏။ " ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ တင်းချန်က ဒီမှာ အရမ်းစျေးကြီးတဲ့အဝတ်အစားတစ်ထည်ကျန်ခဲ့တယ်။ ငါ သူအအေးမိမှာကြောက်လို့ သူ့ကိုစိုးရိမ်တကြီးနဲ့ လိုက်ရှာနေတာ။ မင်းရဲ့နေရာမှာရှိနေမယ်လို့ ငါထင်ခဲ့လို့ ဒါပေမယ့် သူကမရှိနေဘူး။ ငါ ဘာလုပ်သင့်လဲ"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Dove le storie prendono vita. Scoprilo ora