အခန်း(၆၀) အတူတူ စားသောက်ကြခြင်း

4K 638 38
                                    

အခန်း(၆၀) အတူတူ စားသောက်ကြခြင်း

အမှန်တကယ်ကိုပင် အတော်လေး အေးနေ၏။ ရွှီကျောက် စက်ဘီးစီးနေချိန်၌  သူ့လက်ချောင်းလေးတွေ တောင့်ခဲသွားသလို ခံစားလိုက်ရ၏။ စွေ့တင်းချန်ကို ပွတ်ထိမိလိုက်ပြီးနောက် အိတ်ကပ်ထဲသို့ လက်များကို အလျင်အမြန် ထိုးထည့်လိုက်လေ၏။ သူ့အပြုံးများသည် နွေးထွေးနေခဲ့လေပြီး ဆိုလာခဲ့လေ၏။ " လေတိုက်လို့ အေးသွားတာ "

စွေ့တင်းချန်သည် သူ့ကို အပေါ်အောက် ငုံ့ကြည့်ပြီးနောက် မေးလာခဲ့လေ၏။ "ဘာလို့ ဒီထပ်ပိုမဝတ်ထားတာလဲ "

" ကျွန်တော် အများကြီး၀တ်ထားပါတယ် "

" မင်း ဘာတွေ၀တ်ထားလို့လဲ "

" ကျွန်တော် ရှပ်အင်္ကျီကော ဆွယ်တာကော နှစ်ခုစလုံး၀တ်ထားပါတယ် "

ရွှီကျောက်သည် သူ့ကော်လာကို ဆွဲပြလိုက်၏။

စွေ့တင်းချန်သည် သူ့အင်္ကျီအတွင်းမှ ဆွယ်တာအင်္ကျီကို တွေ့လိုက်ရလေ၏။ ရွှီကျောက် တကယ်ပင် အများကြီးဝတ်ထားသည်ကို တွေ့လိုက်ရသောကြောင့် နောက်ဆုံးတွင် ကျေနပ်စွာနှင့် ဆိုလေ၏။ "၀င်လာခဲ့"

ရွှီကျောက်သည် ရွှီဖန်ကို စင်္ကြံထဲဝင်ရန် လှမ်းခေါ်လိုက်၏။ စင်္ကြံ၏တစ်ဖက်တစ်ချက်မှာ အခန်းငယ်နှစ်ခန်းရှိပြီး တစ်ခန်းသည် မီးဖိုချောင်ဖြစ်ပြီး ကျန်တစ်ခန်းသည် လွတ်နေပုံရသည်။

သန့်ရှင်းပြီး ကျယ်ဝန်းသော ခြံဝင်းထဲသို့ စင်္ကြံကိုဖြတ်ပြီး လမ်းလျှောက်သွားကြလေ၏။ ဤကမ္ဘာသို့ ရောက်လာကတည်းက ရွှီကျောက်မြင်ဖူးသည့် အသန့်ရှင်းဆုံး ခြံဝင်းဖြစ်လေသည်။ မြေကြီးသည် မြှင့်ထားပြီး မြေပြင်ပေါ်တွင် သစ်ရွက်တစ်ရွက်မျှပင် မရှိချေ။ အနက်ရောင် ကားသေးလေးတစ်စီးတည်းသာ ရပ်ထားကာ စွေ့တင်းချန်၏ ယာဉ်ဖြစ်လေသည်။

ရွှီဖန်သည် "ကားကြီး" ကိုမြင်လိုက်ရပြီး ဝမ်းသာအားရနှင့် ချက်ချင်း ပြေးသွားလေကာ သူ့မျက်နှာသေးသေးလေးသည် ပျော်ရွှင်ကျေနပ်မှုများ ပြည့်နေခဲ့လေ၏။  "ပါးပါး၊ ကားအကြီးကြီး၊ ကြည့်၊ ကားကြီး၊ အဲ့ဒါက မပြေးဘူး "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now