အခန်း(၇၉) စွေ့ချင်းဖုန့် အသဲကွဲ

3.5K 532 11
                                    

အခန်း(၇၉) စွေ့ချင်းဖုန့် အသဲကွဲ



ရှောင်-ရှောင်-ရှောင်ရှု...

စွေ့တင်းချန်အား မြင်လိုက်ရသည့်အခိုက်အတန့်၌ စွေ့ချင်းဖုန့်၏ စိတ်များ လွင့်ပျံသွားလေ၏။ "ဘုန်း" ခနဲအသံတစ်ခု ထွက်လာခဲ့ပြီး သူ့ဦးနှောက်ထဲတွင် မရေမတွက်နိုင်သည့် အတွေးများ ပေါက်ကွဲထွက်လာလေသည်။ လွန်ခဲ့သည့်လက သူ့ကိုယ်သူ အတွေးမလွန်ရန် မရေမတွက်နိုင်အောင် ပြောနေခဲ့ရသည်။ သူ့ရှောင်ရှုသည် ရွှီကျောက်အား ထိုသို့ မတွေးဘူးဟုပင်။ သို့သော်...သို့သော် နောက်ဆုံးတွင် သူ့ရှောင်ရှုကို သူ့မျက်လုံးနှင့် မြင်လိုက်ရလေပြီ။ သူ့ရှောင်ရှုသည် ရွှီကျောက်အား ချစ်ခင်တွယ်တာသည့် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့လေသည်။ တ-တကယ်ပါပင်။

တကယ်ကြီးပါ။

စွေ့ချင်းဖုန့်၏ တစ်ကိုယ်လုံး တုန်လှုပ်နေပြီး အသက်မဲ့သွားလေတော့သည်။

စွေ့ချင်းဖုန့်သည် ပုံမှန်မဟုတ်စွာ ပြုမူနေသည်ကို စွေ့တင်းချန် တွေ့ရှိသွားလေသည်။

ရွှီကျောက်သည် ပြုံးလျက် လှမ်းကြည့်လိုက်ပြီး သူဘာမှ သတိမထားမိချေ။

" ချင်းဖုန့် "

စွေ့ချင်းဖုန့်၏ အံ့အားသင့်နေခဲ့သောအကြည့်သည် ရွှီကျောက်ဘက်သို့ လှည့်သွားလေသည်။

ရွှီကျောက် ဆက်ပြုံးနေခဲ့ပြီး " ချင်းဖုန့်၊ မင်း ဒီကို ဘာလာလုပ်တာလဲ "

စွေ့ချင်းဖုန့်၏ အမူအရာသည် သဘာ၀ကျမနေခဲ့ချေ။ " ငါ-ငါ ရောက်လာတာက..."

စွေ့ချင်ဖုန့်သည် သူဘာလုပ်ဖို့ ရောက်လာမှန်း မပြောနိုင်တော့ချေ။

ရွှီကျောက်သည် သိလိုစွာနှင့် မေးလိုက်၏။" ဘာဖြစ်လို့လဲ "

စွေ့ချင်းဖုန့်၏အမူအရာသည် ရုပ်ဆိုးသွားလေသည်။ သူ့မျက်လုံးများသည် ရွှီကျောက်၏ခန္ဓာကိုယ်မှ ပြန့်ပြူးသောမြေပြင်သို့ ဖြည်းညှင်းစွာ ငုံ့ဆင်းကျသွားလေသည်။ သူသည် တိတ်ဆိတ်နေပြီး သူ့နှလုံးသားသည် ရေခဲရေများဖြင့် တဖြေးဖြေးချင်း ပြည့်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။ ဦးနှောက်ထဲရှိ ရှုပ်ထွေးမှုများသည် အတွေးတစ်ခုဖြင့်သာ ဝေ့ဝဲနေ‌လေတော့သည်—ရှောင်ရှုက ရွှီကျောက်ကို သဘောကျတယ်။ ရှောင်ရှုကလည်း ရွှီကျောက်ကို သဘောကျနေတယ်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now