အခန်း(၁၀၈) ဧည့်သည်များ

3.3K 517 5
                                    


အခန်း(၁၀၈) ဧည့်သည်များ





နောက်-နောက်ထပ် အနမ်းー


‌စွေ့တင်းချန်သည် ထိုစကားများကို အလေးအနက် ပြောနေသည်ကို ကြားပြီး ရွှီကျောက်၏ နားထင်ကြောများ နှစ်ခါလောက် တုန်လှုပ်သွားရလေတော့၏။ ဘယ်-ဘယ်လိုလုပ်ပြီး ဤလူက တစ်စုံတစ်ခုကို ကျယ်ကျယ်ထုတ်ပြောနိုင်ရပါသနည်း။ ရွှီကျောက် အံ့အားသင့်သွားပြီး စကားမပြောနိုင်တော့ချေ။ သူ လှည့်ပတ်ကြည့်လိုက်ကာ ဘယ်သူ့ကိုမှ မတွေ့ရသဖြင့် နောက်တစ်ကြိမ် မှီတွယ်လိုက်ပြီး စွေ့တင်းချန်၏မျက်နှာကို ခပ်မြန်မြန်နမ်းလိုက်ကာ ပြောလိုက်၏။ " အခု သွားလို့ရပြီလား"


‌စွေ့တင်းချန်သည် ပြုံးကာ ခေါင်းညိတ်ပြလေ၏။ " အင်း "


ရွှီကျောက်သည် မျက်နှာပေါ်တွင် နီတာရဲနေပြီး ပြုံးနေခဲ့လေ၏။ စွေ့တင်းချန်အနားတွင် လမ်းလျှောက်လာရင်း တိတ်တဆိတ် ထီးကိုကိုင်ထားကာ စွေ့တင်းချန်အား ဟင်းသီးဟင်းရွက်များ ပေးပို့ခြင်းနှင့်ပတ်သက်၍ မေးလိုက်၏။ စွေ့တင်းချန်ကလည်း တိတ်တဆိတ် ပြန်ဖြေလိုက်၏။ မကြာမီပင် ခြံဝင်းထဲသို့ ပြန်ရောက်လာကြပြီး မီးဖိုချောင်တံခါးဘောင်ကိုမှီပြီး မျက်နှာလေးကိုမော့ကာ နှင်းများကိုကြည့်နေသည့် ရွှီဖန်ကို ချက်ချင်းတွေ့လိုက်ရလေ၏။ ရွှီဖန်လည်း ရွှီကျောက်ကို တွေ့သွားပြီး ရေဝိုင်းနေသော သူ့မျက်လုံးများ ကြည်လင် တောက်ပလာလေသည်။


" ပါးပါး "


ရွှီဖန်သည် ရွှီကျောက်ဆီသို့ ပြေးသွားလေ၏။


ရွှီကျောက်သည် ထီးကိုပိတ်လိုက်ပြီး ထွားကျိုင်းသော ရွှီဖန်ကို ပွေ့ဖက်လိုက်၏။


ရွှီဖန်သည် ရွှီကျောက်၏လည်ပင်းကို လက်တစ်ဖက်နှင့် ရစ်ပတ်ထားပြီး နှင်းပွင့်များကို သူ့လက်တစ်ဖက်နှင့် လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားစွာ ဆိုလေ၏။ " ပါးပါး၊ ကြည့်၊ နှင်းတွေကျနေတယ်။ ကောင်းကင်ကြီးက နှင်းတွေကျနေတယ်"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now