အခန်း(၄၀) ပွဲတော်ချိန် နီးလာပြီ

4.6K 678 16
                                    

အခန်း(၄၀) ပွဲတော်ချိန် နီးလာပြီ

ရွှီကျောက်သည် စွေ့တင်းချန်ကို ဒီမှာ ရေတစ်ခွက်သောက်ဖို့ ဒါမှမဟုတ် တစ်ညလောက်နေဖို့ ဆန္ဒရှိသော်လည်း စွေ့တင်းချန်တွင် အချိန်မရှိ‌ချေ။ စွေ့တင်းချန်တွင်  ပိုက်ဆံ၊ ကားတစ်စီး၊ ရုပ်ရည်ရှိပြီး သူသည် မြို့ကဖြစ်ကာ ၎င်းသည် အတော်လေးကို ပေါ်လွင်နေ၏။ ရွှီကျောက်၏ ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် ရွှီဇွာချန်းနှင့် တခြားအစ်ကိုသည် "ငွေ" နှင့်ပတ်သက်သည့် ဖြစ်နိုင်ချေပေါင်း သန်းချီကို စိတ်ကူးယဉ်နေလိမ့်မည်။ သူတို့သည် နောက်ပိုင်းမှာ ရွှီမားမားနှင့် ရွှီပါးပါးကို ပိုက်ဆံအတွက် လာရှာလိမ့်မည်ဖြစ်ပြီး ပြဿနာကို နှိုးဆော်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် စွေ့တင်းချန်သည် နန်၀မ်းရွာသို့ သေချာပေါက် မ၀င်ရောက်နိုင်ချေ။

သို့သော်လည်း ထိုအကြောင်း စွေ့တင်းချန်ကို သူဘယ်လိုပြောရပါ့မလဲ။

ရွှီကျောက် တုံ့ဆိုင်းနေချိန်တွင် စွေ့တင်းချန်က "နောက်တစ်ကြိမ်မှ" ဟု ပြောသည်ကို ကြားလိုက်ရလေ၏။

ရွှီကျောက်သည် အံ့အားသင့်သွားလေပြီး စွေ့တင်းချန်သည် သူ့မျက်နှာတွင် ကွဲလွဲနေသော အမူအရာကိုဖတ်နေခဲ့သည်ဟု သူထင်လိုက်သည်။ ထိုသို့နှင့် သူ စွေ့တင်ချန်အား တိုက်ဆိုက်ပြောလိုက်လေ၏။ " ဒါဆိုလည်း နောက်တစ်ခါမှပေါ့။ ကျွန်တော် တောင်းပန်ပါတယ် ရှောင်ရှု၊ အဲဒါက ကျွန်တော့်အစ်ကိုနှစ်ယောက်ကြောင့်ပဲ—"

"အင်း၊ ကိုယ်နားလည်ပါတယ်။ မင်း ဆုံးဖြတ်ချက်မှန်ပါတယ်" ဟု စွေ့တင်းချန်က ဆိုလေ၏။

၎င်းကိုကြားပြီး ရွှီကျောက်၏ နှလုံးသားထဲမှ တံခါးခေါက်သံတစ်ခု ထွက်လာခဲ့လေသည်။ "ကျေးဇူးတင်ပါတယ် ရှောင်ရှု၊ ကျွန်‌တော့်ကို နားလည်ပေးလို့ ကျေးဇူးပါ။ ခင်ဗျား အချိန်ရရင် ကျွန်တော့်ကိုအသိပေးပါ၊ ကျွန်တော် ခင်‌ဗျားကို  ထမင်းတစ်နပ်ဧည့်ခံပါ့မယ်"

" ဒါဆို အဲ့လို ဆုံးဖြတ်လိုက်ပြီ "

"ကောင်းပြီ" ရွှီကျောက် ရိုးရှင်းစွာပင် သဘောတူလိုက်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now