အခန်း(၂၉) အစီအစဉ်အတိုင်း

5.1K 821 19
                                    

အခန်း(၂၉) အစီအစဉ်အတိုင်း

ရွှီကျောက်သည် သူ့၏ နောက်ထပ်ငွေရှာမည့် အစီအစဉ်များအတွက် ကွဲပြားသည့် အကြံဥာဏ်တစ်ခုရှိခဲ့သည်။ သို့သော်လည်း ၎င်းသည်အကြံတစ်ခုမျှသာဖြစ်သဖြင့် သူစွေ့ချင်းဖုန့်အားပြောပြခဲ့ပါက စွေ့ချင်းဖုန့် နားလည်နိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့အပြင် သူသည် ဘယ်လို ရှင်းပြရမည်ကိုလည်း အမှန်တကယ်မသိသောကြောင့် တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်လေသည်။ " ငါ မြို့ထဲကို တစ်ချက်သွားကြည့်ပြီး စီးပွားရေးလုပ်ဖို့ လေ့လာချင်တယ်"

"စီးပွားရေးလုပ်ဖို့ လေ့လာမယ် ?" စွေ့ချင်းဖုန့်က မေးလေသည်။

" ဟုတ်တယ် " ဟု ရွှီကျောက် ခေါင်းညိတ်ပြလိုက်၏။

စွေ့ချင်းဖုန့်သည် ‌စီးပွားရေးလုပ်ခြင်းကို အလွန်စိတ်၀င်စားနေခဲ့၏။ သူသည် ရွှီကျောက်လောက် မထက်မြက်သော်လည်း သူသင်ယူနေနိုင်ဆဲဖြစ်လေသည်။ ထို့ကြောင့် သူပြောလိုက်၏။ " ငါမင်းနဲ့လိုက်ခဲ့မယ် "

" ရတယ်။ အတူတူသွားကြစို့ " း

"ရွှီဖန်ကို မင်းနဲ့အတူ ခေါ်ခဲ့မှာလား? " ဟု စွေ့ချင်းဖုန့်က ထပ်မေးလေသည်။

"ဟင့်အင်း၊ သူ့ကို ခေါ်လာတာက ဒုက္ခဖြစ်လိမ့်မယ်။ ကိစ္စတွေ လုပ်ဖို့ အဆင်မပြေဖြစ်လိမ့်မယ် " ဟု ရွှီကျောက်က အခိုင်အမာပြောလိုက်သည်။

" သူသဘောတူမှာ သေချာလို့လား? " စွေ့ချင်းဖုန့်သည် ရွှီဖန် ဘယ်လောက်တွယ်တာသည်ဆိုသည်ကို သိလေ၏။

"မင်းဘာကိုဆိုလိုတာလဲ? ငါ့ရဲ့ရွှီဖန်က တော်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ကလေးတစ်ယောက်ပါ "

" ငါမယုံပါဘူး "

ထို့ကြောင့် နောက်တစ်နေ့တွင် ရွှီကျောက်သည် စွေ့ချင်းဖုန့်အား ပြောင်မြောက်စွာ မျက်နှာကိုဖြတ်ရိုက်လိုက်လေ၏။ သူသည် သူ မြို့သို့သွား၍ ငွေရှာရမည်ဖြစ်ပြီး ည၌ပြန်ရောက်မည်ဟု ရွှီဖန်အား လူတိုင်း၏ရှေ့တွင် ပြောပြလိုက်သည်။ သူသည် ရွှီဖန်အား ဖန်ရှောင်တျန့်တွင်နေပြီး အဖွားနှင့်အဖိုးကို ပစ္စည်းများရောင်းဖို့ ကူညီရန် ပြောခဲ့သည်။ အထူး သဖြင့် အဖိုးသည် အလွန်မကျန်းမာသဖြင့် ရွှီဖန်သည် သူ နှင့် ပစ္စည်းများကို စောင့်ကြည့်ဖို့ လိုအပ်လေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now