အခန်း(၇) ကြိုးစားအားထုတ်မှုတစ်ခု

6.3K 947 30
                                    

အခန်း(၇) ကြိုးစားအားထုတ်မှုတစ်ခု

ရေခဲချောင်းရောင်းရန် စက်ဘီးစီးလာသည့် စွေ့ချင်းဖုန့်သည် ရွှီကျောက် သစ်ပင်အရိပ်အောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရလေ၏။ ရွှီကျောက်သည် အလွန်ချောမော၏။ သူသည် ကျန်းမာသလို စိတ်ထားလည်းကောင်း၏။ သူ့ခန္ဓာကိုယ်ထဲမှ အလင်းရောင်များ ထွက်လာသည်ကို သူ အမှတ်တမဲ့ သတိထားလိုက်သလိုပင် ခံစားလိုက်ရ၏။ သူ့နှလုံးသားသည် ပျော်ရွှင်မှုနှင့်အတူ ခုန်ပေါက်နေရင်း စက်ဘီးကို အားစိုက်နင်းလိုက်ကာ စက်ဘီးကို အရှိန်မြှင့်လိုက်ပြီး မကြာမီ ရွှီကျောက်ရှေ့တွင် ရပ်လိုက်လေ၏။

စွေ့ချင်းဖုန့်သည် ပျော်ရွှင်စွာ စက်ဘီးပေါ်ကဆင်းလာပြီး မေးလိုက်၏။ “ရွှီကျောက်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ?”

“ မင်းကိုစောင့်နေတာ ”ရွှီကျောက်သည် ပြတ်သားစွာပြောလိုက်လေသည်။

“ ငါ့ကို စောင့်နေတာ? ”စွေ့ချင်းဖုန့်၏ နှလုံးသားသည် နွေးထွေးသွားလေ၏။ ဤသည်မှာ ရွှီကျောက် သူ့အား ပထမဆုံးအကြိမ် စောင့်နေခဲ့ခြင်း ဖြစ်လေသည်။

“ အင်း၊ ဒီနေ့ ရေခဲချောင်းရောင်းတာ ဘယ်လိုလဲ? ” ရွှီကျောက် မေးလိုက်သည်။

“ ငါ ရောင်းလို့ကုန်သွားပြီ ”စွေ့ချင်းဖုန့် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။

“ အရမ်းမြန်တယ်လား? ”

စွေ့ချင်းဖုန့်သည် ပြုံးပြီးပြောလိုက်၏။“ ဒီနှစ်က ကြွယ်၀တဲ့နှစ်ဖြစ်လို့ ကောက်ပဲသီးနှံအခွန်ကိုလည်း လျှော့ချထားတာကြောင့် လူတိုင်းက ပျော်ရွှင်နေကြတယ်လေ၊ ဒါကြောင့်မို့ အိတ်ကပ်တချို့ပြောင်းသုံးဖို့ ဆန္ဒရှိနေကြတာပေါ့”

“ ဒါဆို မင်း အခု ခရိုင်မြို့ကို ပြန်သွားတော့မှာလား? ”

“အင်း” စွေ့ချင်းဖုန့် ခေါင်းညိတ်လိုက်၏။

“ ငါ မင်းနဲ့အတူ ခရိုင်မြို့ကို သွားလို့ရမလား? ”ရွှီကျောက် မေးလိုက်သည်။

“ မင်း ရေခဲချောင်းစက်ရုံကို သွားကြည့်ချင်လို့လား?”

“ ဟုတ်တယ်”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now