အခန်း (၆)

1.8K 205 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း(၆) ဟက်ကာတစ်ယောက်၏ အပြုအမူဖြင့် ဂိမ်းထဲတွင် ချင်မော့နှင့် တွေ့ဆုံခြင်း

ယခုလက်ရှိအချိန်၌ ဖူကျို့က အရည်အသွေးမြင့်သည့် လက်တော့တစ်လုံးအဖြစ် ပြုပြင်ရန် ပစ္စည်းအမြောက်အမြား လိုအပ်နေသည်။ သူမအိမ်၌ ရှိသည့်လက်တော့က ဂိမ်းဆော့ရန်အတွက်သာ အဆင်ပြေသည်။

သို့သော် ဝက်ဆိုက်ဘ်များကို ဟက်မယ်ဆိုလျှင်  ခြေရာလက်ရာကျန်ခဲ့မှာဖြစ်သည်။ ထို့ကြောင့် အဓိကက ပိုက်ဆံပဲ ဖြစ်သည်။

"အခုဘာပြောလိုက်တာလဲ ပိုက်ဆံရှာမှာတဲ့လား"

ကားဒရိုင်ဘာက ချန်ရှောင်တုံး ဤစကားပြောလိုက်သည်ကို ကြားလိုက်သည်နှင့် ချက်ချင်း ရှော့ခ်ရသွားတော့သည်။ သို့နောက် ရုတ်တရက်ကြီး ဘရိတ်ကိုနင်းလိုက်ပြီး နှစ်ယောက်သား ဖူကျို့ကို ဂြိုဟ်သားတွေ့လိုက်သကဲ့သို့ အထူးအဆန်း စိုက်ကြည့်ကြလေသည်။

ဖူကျို့က ကိုလာတစ်ဘူးကို လက်ထဲ၌ ကိုင်ထားသည်။ သူမ၏သေသပ်လှပတဲ့မျက်ခုံးများဟာ တွန့်ချိုးသွားပြီး

" ဘာလဲ ငါပိုက်ဆံရှာမယ်လို့ပြောတာက ဒီလောက်တောင်ထူးဆန်းလား"

"နည်းနည်းလေး"

ချန်ရှောင်တုံးဟာ သူရဲ့ခံစားချက်တွေကို နည်းနည်းလေးတောင် မဖုံးကွယ်ထားဘူး။ အရှိကိုအရှိတိုင်း ပြောချပစ်လိုက်တာပဲ။

"အဲဒါကဘယ်လိုပြောရမလဲဆိုတော့ အရမ်းထူးဆန်းနေတယ်ဗျ၊ သခင်လေးရဲ့ချမ်းသာမှုကိုကြွားဝါဖို့ နေ့တိုင်း ယွမ်တစ်ထောင် သုံးနေကြလေ၊ ဒီလိုကြွားဝါနေလို့ပဲ သခင်လေးကို ရိုက်သတ်ချင်သူတွေက များနေတာဗျာ၊ အခုကျတော့ပိုက်ဆံရှာမယ် ပြောနေတာလား လာနောက်နေတာလားဟင်"

ဖူကျို့က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

"လူတွေက ပြောင်းလဲတတ်ကြတာပဲ နောက်ဆိုရင် ငါလေး အရမ်းတွေမွဲလာတော့မှာ အဲဒါကြောင့် တစ်ခုခုလုပ်ဖို့ ရှာဖွေသင့်တယ်လို့ထင်တယ်"

"သခင်လေး တကယ်လို့သခင်မကြီးသာ ဒီအကြောင်းကိုကြားမယ်ဆိုရင် သူမသေချာပေါက် ညကျရင် ကောင်းကောင်းအိပ်ပျော်တော့မှာပဲ" ဟု ဒရိုင်ဘာက စိတ်လှုပ်ရှားပြီး တုန်တုန်လှုပ်လှုပ်ဖြင့် ပြောသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now