အပိုင်း (၁၂၅) ချင်မော့က ဖူကျို့ကို အမဲသားခွံ့ကျွေးတယ်

1.1K 109 1
                                    

အပိုင်း (၁၂၅) ချင်မော့က ဖူကျို့ကို အမဲသားခွံ့ကျွေးတယ်

ချင်မော့သည် ထိုကောင်လေးက စိတ်ကောင်းမဝင်နေဘူးဆိုတာကို သတိပြုလိုက်မိသည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းတွေဖြင့် ချင်မော့သည် ဖူကျို့၏ အောက်ငုံ့နေတဲ့ခေါင်းကို ကြည့်လိုက်တော့ သူ့နှုတ်ခမ်းပါးများက အထက်သို့ ကွေးညွတ်သွားပေသည်။ ချင်မော့သည် အစ်ကိုတစ်ယောက်အနေဖြင့် ဖူကျို့ကို သင်ခန်းစာပေးရန်စတင်လေတော့သည်။

"မင်း နောက်ဆိုရင် အချစ်ရေးမှာ စိတ်ကစားရဲသေးလား"

ဖူကျို့က ခေါင်းခါပြလိုက်ပေမဲ့  တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဟု တွေးလိုက်မိသည်။

ငါလေး ဘယ်ချိန်တုန်း အချစ်ရေးမှာစိတ်ကစားမိသွားပါလိမ့်။ မိန်းကလေးတွေနဲ့ အီရုံလေးအီတာပါဟ။

ဖူကျို့က ချင်မော့ကို မော့ကြည့်ပြီး အမှန်တရားကို ပြောပြချင်ပေ၏။ သို့သော် သူမ မထင်ထားတာက ပြောဖို့ ပါးစပ်ဟလိုက်စဉ် ချင်မော့သည် နူးညံ့တဲ့အမဲသားတစ်ဖတ်အား သူမပါးစပ်ထဲသို့ခွံလိုက်တာပင်။

အမဲသားဟာ အနည်းငယ်အေးသွားပြီဖြစ်ပြီး စားဖို့အတွက် အရမ်းကြီးပူမနေပေ။

ချင်မော့သည် တူကို လက်ထဲ၌ကိုင်ထားပြီးတော့ ဖူကျို့ကို အမဲသား ခွံကျွေးပေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက်မှာတော့ ရှော့ခ်ရမှုကြောင့် ပါးစပ်ကြီးဟကာ ဘေးဘက်မှာ ရပ်နေသည့် အန်တီကျန်းသာမက ကျောမတ်မတ်ရပ်ကာ စောင့်နေတဲ့စစ်သားတွေဟာ တစ်ယောက်နှင့် တစ်ယောက် မယုံနိုင်သလို ကြည့်လိုက်မိကြ၏။

ဘာ....ဘာဖြစ်သွားတာလဲ!

သခင်လေးက မယုံနိုင်လောက်အောင်!တကယ့်ကို မယုံနိုင်လောက်အောင် အခြားသူကို ခွံ့ကျွေးတယ်လား။

အန်တီကျန်းဟာ သခင်လေး အသက်ရှစ်နှစ်တုန်းက ခြံဝင်းထဲ၌စာဖတ်နေသည့်အချိန်ကို အခုထိ မှတ်မိပေသေးသည်။ အသယ်ငယ်ငယ်လေးဆိုတာတောင်မှ သူဟာ လူကြီးတစ်ယောက်လိုပင်။ သူဟာ ကလေးဝတ် အနက်ရောင်ဝတ်စုံပြည့်လေးကို ဝတ်ထားပြီးတော့  ဖောင်းဖောင်းပွပွ ဂျာကင်အင်္ကျီတစ်ထည် ထပ်ဝတ်ထားပေသည်။ သခင်လေးဟာ အမြဲလိုလို သူ့လက်ဘေး၌ လက်ဖက်ရည်ခွက်တစ်ခွက် ထားထားလေ့ရှိသည်။ ခြံဝင်းထဲက လူများ၏ အကြည့်တို့က သခင်လေးအပေါ်မှာပဲ ကျရောက်နေပေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now