အပိုင်း(၁၇၁) နင်လေးရဲ့ညီလေးနဲ့ အတူတူ အိပ်ဖို့ဆိုရင် "ညင်သာ" ဖို့လိုတယ်နော်

1K 88 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း(၁၇၁) နင်လေးရဲ့ညီလေးနဲ့ အတူတူ အိပ်ဖို့ဆိုရင် “ညင်သာ” ဖို့လိုတယ်နော်

“ ဘုရားရေ ကြီးမြတ်တဲ့သခင်လေးချင်”

ချန်ရှောင်တုံးသည် တံခါးမှပေါ်လာသော ပုံရိပ်ကြီးကိုကြည့်ကာ ကြောက်လွန်းလှသဖြင့် တုန်ယင်နေတော့သည်။ သူ့စိတ်ထဲကျန်နေသည့် တစ်ခုသောအတွေးမှာ သူ့သခင်လေးတော့ မိုးမှောင်ကျလေပြီ။

ဖူကျို့လည်း လန့်သွားလေသည်။

ဘယ်လိုများ သူမ အဲလောက် ကံဆိုးရတာတုန်းဟဲ့၊ သူအသံထွက်ပြောလိုက်တိုင်း ဒီနတ်ဘုရားက ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိဘူး။ စိတ်ပညာကို လေ့လာတဲ့လူတိုင်း အနာဂတ်ကို ကြိုမြင်တဲ့နေရာမှာ ဆရာကြီးတွေ ဖြစ်နေကြတာလားဟ

ချင်မော့ ဂရုမစိုက်ဟန်ဖြင့်ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ မင်းတို့ဘာလို့ဆက်မပြောကြတော့တာလဲ၊ မင်းတို့ပါးစပ်တွေ အ,ကုန်တာလား၊ မင်း ငါနဲ့ ဘယ်လိုအိပ်မလဲဆိုတာ ငါအရမ်းသိချင်လို့ပါ”

ဖူကျို့သည် နောက်သို့ လှည့်လိုက်ပြီး လေးလေးနက်နက်ဖြင့် ပြောလိုက်ရတော့သည်။

“ ငါလေးမကောင်းတာပါ”

ချင်မော့ လက်ပိုက်လျက် ကောင်လေးကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး အေးစက်စက်စကားနှစ်လုံး ပြောလိုက်သည်။ “ အထဲဝင်တော့”

ဖူကျို့သည် အိတ်ကပ်ထဲလက်ထည့်ပြီး အမှတ်တမဲ့ရယ်ရင်း နတ်ဆိုးဆန်ဆန်ခန့်ညားစွာကြည့်နေလိုက်သည်။

ချန်ရှောင်တုံး သူမကို ဆွဲခေါ်လိုက်ပြီး ပြောလိုက်ပြန်သည်။

“ သခင်လေး မသွားနဲ့.... ကျွန်တော်တို့ရဲခေါ်လိုက်ရအောင်၊ သခင်လေးချင် သခင်လေးကို သတ်လိမ့်မယ်ဗျ”

ဖူကျို့သည် အော်ရယ်ပြီး ပြန်ပြောလိုက်သည်။

“ မစိုးရိမ်ပါနဲ့ အဆိုးဆုံးဖြစ်ရရင် ကြီးမြတ်တဲ့သခင်လေးက ငါလေးကို ပြတင်းပေါက်အပြင်ဖက်မှာ တွဲလောင်းချပြီး မီးခိုးငွေ့ရှူခိုင်းရုံပါပဲ ပြီးတော့ ငါလေးမှာ ဒါကိုဖြေရှင်းဖို့ ဖြတ်ထိုးဉာဏ်ရှိပါတယ်၊ မုန့်နည်းနည်းသာ သွားယူလာခဲ့ ဒါမှ ငါလေး တွဲလောင်းချခံရပြီးရင် ဗိုက်ပြန်ဖြည့်လို့ရမှာ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now