အပိုင်း (၁၄၁) သခင်ကျို့နဲ့ကြီးမြတ်လှတဲ့သခင်လေးချင်တို့ရဲ့ အသင်းလိုက်ဆောင်ရွက်ချက

1K 82 0
                                    

အပိုင်း (၁၄၁) သခင်ကျို့နဲ့ကြီးမြတ်လှတဲ့သခင်လေးချင်တို့ရဲ့ အသင်းလိုက်ဆောင်ရွက်ချက်

ထို့ကြောင့် ထိုကောင်မလေး၏ ခနဲ့သံကို ကြားပြီးသည်နှင့် ကစားသမားအားလုံး၏အသံဟာ ချက်ချင်း ငြိမ်ကျသွားပေတော့၏။

ဖူကျို့ကတော့ တုတ်ထိုးသကြားလုံး ငုံထားလျက်ဖြင့် မွန်းစတားတစ်ကောင်ကို သတ်ဖြတ်နေသော သူမ၏ လက်များဟာ ရပ်တန့်သွားပေသည်။  ဖူကျို့က မွန်းစတားဆီသို့ လျင်မြန်စွာ နောက်ထပ် damage အကိတ်ကြီးအား ပစ်သွင်းလိုက်သည်။   သို့ပေမဲ့ သူမရဲ့လက်အမြန်နှုန်းတွေကတော့ အများနဲ့မတူ အလွန်အံ့အားသင့်ဖွယ်ကောင်းသည်မှာအမှန်ပင်။

အခြားကစားသမားတွေကတော့ သူမလောက်မမြန်ဆန်နိုင်ပေ။

ထိုစဉ် ဖိုင်နယ်ဘော့စ်ကြီးဟာ ရုတ်တရက်ကြီးထွက်ပေါ်လာပြီးတော့ အလွန်အမင်းအားပြင်းသည့် မီးလုံးများကို ကစားသမားတွေဆီသို့ တည့်တည့်ကြီးပစ်သွင်းလာသည်။

ဒီလိုတိုက်ခိုက်နှုန်းနဲ့ဆိုရင် အလွန်အမင်းဆရာကျတဲ့ကစားသမားတောင်မှ သွေးတစ်ဝက် လျော့သွားနိုင်တယ်။ ကံကောင်းစွာနဲ့ပဲ ဖူကျို့က လမ်းတစ်ဝက်လောက်နေ ပြန်ဆုတ်ခွာနိုင်ခဲ့လို့ သွေးမလျော့သွားဘူး။

အခြားကစားသမားတွေကတော့ ကံမကောင်းကြလို့လားပဲ မသိပါဘူး အကုန် ဗိုင်းကနဲ ပစ်လဲကျပြီး ကိစ္စတုံးသွားကြလေရဲ့။

ပုံမှန်အားဖြင့် အသင်းတစ်သင်းလုံးမှာ ကစားသမားသုံးယောက်ပဲအသက်ရှင်ကျန်ရစ်ပြီးတော့ ကျန်တဲ့တစ်ယောက်ကလည်း အသက်ငင်နေပြီဆိုနေမှတော့ ဒီဂိမ်းကိုနိုင်နိုင်ဖို့က မျှော်လင့်ချက် သိပ်မရှိတော့ပေ။

ဒါပေမဲ့ လုံးဝမထင်ထားမိတာက တစ်ချိန်လုံးငြိမ်ကုပ်နေခဲ့တဲ့ "Spade Z”ဟာ  ဖူကျို့ယူဆော့နေတဲ့ သခင်လေးချင်ရဲ့ ဂိမ်းဇာတ်ကောင်နောက်ကနေပြီး အံအားမှင်တက်ဖို့ကောင်းတဲ့ မုန်တိုင်းလေပွေကြီး တစ်ခုကို စတင်ဖန်တီးလိုက်တော့တယ်။  အလင်းရောင်ဟာ တောက်ပလွန်းတာကြောင့် စခရင်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့တာ။ ဒီလိုတောက်ပလွန်းတဲ့ ငွေရောင်အလင်းတန်းတွေကြောင့် "Spade Z”ဟာ လူတွေရဲ့အာရုံစိုက်မှုကို အချိန်အကြာကြီး ရယူထားနိုင်ခဲ့တယ်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now