အခန်း (၁၂)

1.6K 191 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း(၁၂) ချင်မော့ရဲ့အထိမခံနေရာအား ဖူကျို့ထိလိုက်မိခြင်း

အရာအားလုံးက ဖြစ်ပျက်တာမြန်လွန်းလှသဖြင့် ဘော်ဒီဂတ်တွေဟာ ဒီကိစ္စကို မကိုင်တွယ်နိုင်ခဲ့လေဘူး။

ချင်မော့တစ်ယောက်သာလျှင် သူ့လက်မောင်းအတွင်းသို့ တစ်စုံတစ်ခု ပစ်လဲကျလာတာကို ခံစားလိုက်ရလေသည်။ သူ၏ဘယ်ဘက်ခြေလှမ်းကို ပြန်ဆုတ်လိုက်ပြီး သူ့မည်းနက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ထိုအရာအား စိုက်ကြည့်လိုက်သည်။

"သခင်လေးချင်"

ချင်မော့၏အတွင်းရေးမှူးက စိတ်လောကာ အသံပြဲကြီးနှင့် အော်ဟစ်တော့သည်။ သူ့၏သခင်လေးကို လှမ်းဆွဲရန် လုပ်နေစဉ်ဖူကျို့က သူ့သခင်လေးရင်ခွင်သို့ ရောက်နှင့်နေပြီးသားဖြစ်လေသည်။ အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။

ဖူကျို့က သူမ၏ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်လိုက်တာကြောင့် မျက်မှောင်ကြုံ့လိုက်ပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမ ဘာဆိုလို့ဘာတစ်ခုမှတောင် မလုပ်လိုက်ခင်မှာပဲ အရာအားလုံးဟာ အပ်ကျသံတောင်မကြားရလောက်အောင်အထိ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ သူမ အမြင်မှားတာများလား။ ဘာလို့ သူမရဲ့ လည်ပင်းအနောက်လေးမှာ အေးစိမ့်စိမ့် အငွေ့အသက်လေးရနေတာပါလိမ့်၊ ဆန့်ကျင်ဘက်အနေနဲ့ သူမရဲ့လက်ဖဝါးအောက်ကနေ အနွေးဓာတ်လေးကိုသူ မ ခံစားမိလိုက်တယ်၊  အဲဒါက တောင့်တောင့်ကြီးဖြစ်နေပေမဲ့ အထိအတွေ့ကတော့ ခံစားလို့ကောင်းသားပဲ။

ဖူကျို့က အငြိမ်မနေဘဲ သူမ၏လက်ကို နှစ်ကြိမ်တိတိ လှုပ်ရှားလိုက်သေးတာကို ကျောင်း၏ အကြီးအကဲများ အကုန်မြင်လိုက်သည်။ သူတို့က အတော်လေးကို ကြောက်လန့်နေကြပြီးတော့ သူတို့၏မျက်နှာ၌ သွေးမရှိလောက်တော့သလို ဖြူရော်နေပေတော့သည်။

"ဖူကျို့"

ကျောင်း၏ဒါရိုက်တာက သူမကို ရိုးရိုးရှင်းရှင်း ဆွဲထူလိုက်ပြီးတော့ အဝေးကို တွန်းထုတ်လိုက်ချင်သော်ငြား ယခုတော့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now