အပိုင်း (၁၃၄) သခင်လေးချင်နဲ့ ဖူကျို့ရဲ့လုံးဝန်းတဲ့ရင်သားတွေ

1.2K 123 1
                                    

အပိုင်း (၁၃၄) သခင်လေးချင်နဲ့ ဖူကျို့ရဲ့လုံးဝန်းတဲ့ရင်သားတွေ

အလင်းအလျင်ကဲ့သို့ လျင်မြန်ဖျတ်လတ်စွာဖြင့် သူမရင်သားကို ကာဖို့အတွက် ဖူကျို့က အခုလေးတင် ချွတ်လိုက်သည့် ရှပ်အင်္ကျီကို ပြန်ကောက်ယူလိုက်သည်။

ဒါပေမဲ့ ချင်မော့ဟာ အထဲတော့ ဝင်မလာခဲ့ပေ။ သူဟာ ရေချိုးခန်းအပြင်ဘက်၌သာ ကျောက်စိမ်းရုပ်ထုသဖွယ် ခံ့ညားစွာ တောင့်တောင့်ကြီးရပ်နေသည်။ လက်ထဲ၌တော့ ရေချိုးသုံးပစ္စည်းတွေ အစုံကိုင်ထားရင်းဖြင့်

"တံခါးဖွင့်လိုက် ငါမင်းအတွက်ပစ္စည်းတွေယူလာပေးတယ်"

သောက်ကျိုးနည်း ဘာလို့ ဒီအချိန်ကြီးလဲ။

ဖူကျို့က သူမခန္ဓာကိုယ်နှင့် ရှပ်အင်္ကျီကို နီးနီးကပ်ကပ်ဖုံးလိုက်ပြီး

"ရေချိုးလို့ပြီးတဲ့အထိ စောင့်ပါဦးဟ"

"အထဲမှာ ရေချိုးဆပ်ပြာရည်တွေဘာတွေ ဘာမှမရှိတဲ့ဟာ မင်းဘယ်လိုလုပ်ရေချိုးမှာလဲ"

ချင်မော့ဟာ မျက်ခုံးပင့်လိုက်ပြီး အသံမြှင့်ကာ

"တံခါးဖွင့် မင်းအတွက် အန်တီကျန်းပြင်ပေးထားတဲ့ဟာကို လာယူလိုက်"

ထိုသို့ ပြောပြီးသည်နှင့် ချင်မော့က ခဏလောက်တော့ ငြိမ်သွားပေ၏။ ထို့နောက် သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးတွေဟာ တံခါးကိုလှည့်ဖွင့်လိုက်တော့မဲ့အချိန်မှာပဲ...

သူ့အရှေ့က တံခါးဟာ ဖြည်းဖြည်းချင်းပွင့်လာတာကိုမြင်လိုက်ရသည်။ ဒီလူငယ်လေးဟာ တံခါးအနောက်မှ ခေါင်းလေးတစ်ဖက်စောင်းကာ ထွက်လာခြင်းဖြစ်သည်။  သူ့ကိုကြည့်ရတာ ကိုယ်တုံးလုံးဖြစ်နေဟန်ပေါ်ကာ သူ၏ ဖြူဖွေးနူးညံ့သည့် လည်ပင်းညှပ်ရိုးကို လှစ်ဟပြနေသည်။ ရေချိုးခန်းအတွင်းမှ ရေနွေးငွေ့တွေဟာ ဒီလူငယ်လေးအနောက်မှတလူလူထွက်လာသည်။ ထိုရေနွေးငွေ့တွေကြောင့် သူ၏နက်မှောင်သည့် မျက်တောင်တွေဟာ အပူရှိန်နှင့်အတူ ရေသီးလေးပင်ခိုချင်နေပေသည်။

"အစ်ကိုမော့ ပစ္စည်းတွေကဘယ်မှာလဲဟင်"

ဖူကျို့က သာမန်ရိုးကျအပြုံးလေးဖြင့်သာမေးလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now