အပိုင်း(၁၉၃) အမှတ်စာရင်းကြေညာခြင်း

872 93 0
                                    

အပိုင်း(၁၉၃)
အမှတ်စာရင်းကြေညာခြင်း

အသင်းရှိကစားသမားများအားလုံးနီးပါးသည် သူတို့၏ ခေါင်းဆောင်လှုပ်ရှားမှုကို သတိထားမိသွားကြသည်။

တကယ်တော့ သူတို့တွေက အရမ်းလေ့လာလိုစိတ်ပြင်းပြလို့မဟုတ်လေဘူး

အကြောင်းက..... သူ သူ့ဖုန်းကို စစ်နေတာ ၅ခါလောက်ရှိနေပြီလေ။

ညနေ ၅နာရီကနေ ခုအချိန်အထိ ခေါင်းဆောင်က သူအားတဲ့အချိန်အတိုင်း ဒီဖုန်းကိုပဲကြည့်နေတာ.... သိပ်ထူးဆန်းတာပဲ

ကြောင်ကလေးနှင့်တူသော ကောင်လေးCOCOသည် လူတိုင်း၏မျက်နှာပေါ်မှ အတင်းပြောလိုသော အကျင့်တို့ကို သတိထားမိသွားပြီး သူသည် စကားဝိုင်းလေးတခုကို အမြန်စလုပ်လိုက်သည်။

“ ခေါင်းဆောင်က ဘယ်သူ့ဖုန်းကိုစောင့်နေတာလဲဆိုတာ မင်းတို့ကောင်တွေသိကြလား”

“သိတာပေါ့”

“ဘယ်သူလဲ”

“ COCO မြန်မြန် ပြောစမ်းပါ! ဒါဆိုရင် အကိုကြီးက တချို့ဂိမ်းမှာ မင်းကို အနိုင်ပေးမယ်”

COCOသည် သူ့ကော်ဖီခွက်ကိုင်းကို ရွှတ်နောက်နောက် ရယ်လိုက်ကာ ပြောလိုက်လေသည်။

“Spade Z ကလွဲရင် ငါတို့ခေါင်းဆောင်ရဲ့နှလုံးသားကို ဘယ်သူကဆွဲထုတ်နိုင်သေးလို့လဲ”

“ Spade Zတဲ့လား”

ကစားသမားများသည် ပိုစိတ်ဝင်စားလာကာ စကားဝိုင်းတွင် ရေပက်မဝင်ပြောနေကြလေသည်။

COCOသည် အကြီးတစ်ယောက်ကဲ့သို့ သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်။

“အမှန်ပဲ Spade Z, Spade Zကြောင့် ငါတို့ခေါင်းဆောင်ကြီး ဘယ်နှစ်ခါထရပ်ခဲ့လဲ ငါရေကြည့်ပါအုံးမယ်၊ ခေါင်းဆောင် ငါတို့ကို တခါမှဒီလို စိတ်ရှည်ဖူးတာမဟုတ်ဘူး”

“ငါ မင်းတို့ကို စိတ်မရှည်တာ မင်းတို့သိနေတာပဲ ဒါတောင် ဒီအကြောင်းပြောနေရသေးလား”

ခပ်ဩဩ အေးစက်သောအသံတခုသည် သူ့နားထဲထိုးဖောက်လာရာ COCOသည် ချက်ချင်းပင် တောင့်တင်းသွားလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now