အပိုင်း (၁၃၁) သခင်ကျို့က ချင်မော့၏ ထောင်ချောက်ထဲ ကျဆင်းသွားပြီး ညအိပ်လိုက်ရခြင်း

1.1K 114 1
                                    

အပိုင်း (၁၃၁) သခင်ကျို့က ချင်မော့၏ ထောင်ချောက်ထဲ ကျဆင်းသွားပြီး ညအိပ်လိုက်ရခြင်း

ခဏလေးအတွင်းမှာပဲ အန်တီကျန်း၏ မျက်လုံးများက တက်ကြွမှုတွေ လျော့နည်းလာပေရာ ဖူကျို့က သူမ၏ လက်ကို အလျင်အမြန်ဆန့်ထုတ်လိုက်ပြီး ပေါ့ပါးသွက်လက်စွာ ပြုံးပြလိုက်ကာ ညအိပ်ဝတ်စုံကို ယူလိုက်သည်။

"အန်တီကျန်း ယူလာပေးတဲ့ညအိပ်ဝတ်စုံကို သေချာပေါက်ကြိုက်တာပေါ့ အန်တီကျန်းရဲ့ အမဲသားဟော့ပေါ့က ဒီကမ္ဘာမှာ အကောင်းဆုံးပဲကို၊ ညအိပ်ဝတ်စုံလည်း သေချာပေါက် သက်သောင့်သက်သာဖြစ်မှာပဲ"

အန်တီကျန်းဟာ ဒီလူငယ်လေးဆီက ချီးကျုးစကားကို ကြားလိုက်ရတော့ ရုတ်တရက်ကြီး ကွန်ဖီးဒန့်လယ်ဗယ် စိုးဟိုက်သွားပေသည်။  သူမ၏ မျက်နှာတစ်ခုလုံးဟာ တောက်ပလာပြီးတော့ အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ နည်းနည်းလေးတောင် ရှက်သွေးဖြာသွားလေ၏။ 

သခင်လေးကျို့က တကယ့်ကိုနူးညံ့ညင်သာတာပဲ ငါတို့သခင်လေးနဲ့ကွာပါ့။

ဖူကျို့က သူမ၏ နှစ်လိုဖွယ်အပြုအမူများကို ထပ်ထုတ်ပြရန် ပြင်နေစဉ် ချင်မော့သည် မထူးမခြားသည့်အသံဖြင့် စကားစဝင်ဖြတ်လေသည်။

"တကယ်လို့ မင်း အန်တီကျန်းကို ဒီလောက်တောင်သဘောကျတယ်ဆိုရင် ဒီမှာညအိပ်သွားလေ"

ဖူကျို့ :"......."

အား... ဒီကြီးမြတ်လှတဲ့သခင်လေးချင်ကတော့ ငါလေးကိုထောင်ချောက်ဆင်ပြန်ပြီ။

"ဟမ် သခင်လေးကျို့က ညမအိပ်ဘူးလား...."

အန်တီကျန်းဟာ သူမ၏ ရှေ့က ချောမောလှသည့် လူငယ်လေးကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

"သခင်လေးကျို့အတွက် ဒင်းဆမ်းရယ် ဝက်သားချိုပြားကြက်ဥဆန်ပြုတ်ရယ် လုပ်ပေးထားတာကို.. သခင်လေးကျို့မှ မစားရင် အန်တီလုပ်ထားတာကို အသိမှတ်ပြုပေးမဲ့သူရှိမှာမဟုတ်ဘူး"

ဖူကျို့က သူမစိတ်ထဲမှတော့ တွက်ချက်မှုတွေ လုပ်နေပြီဖြစ်သည်။

ရေချိုးခန်းနဲ့ အိပ်ခန်းက ခွဲထားတာဆိုတော့ တကယ်လို့ ငါလေး ဒီမှာ ညအိပ်မယ်ဆိုရင်တောင် ချင်မော့နဲ့ ငါက အိပ်ခန်းမတူဘူးဆိုရင် ဘယ်သူကမှ ငါလေးက မိန်းကလေးဆိုတာကို သတိထားမိမှာ မဟုတ်ဘူး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now