အခန်း (၃၃)

1.7K 225 3
                                    

ဘာသာပြန်သူ-JustCBond

အပိုင်း(၃၃) ငါလေးမဒိတ်ခင်အချိန်လေး ကောင်မလေးတွေနဲ့ အီစီကလီလုပ်လိုက်ဦးမယ်
နောက်တစ်ရက်၌ ဖူကျို့က သူမ ပိုက်ဆံအိတ်ကို ယူလိုက်ပြီး ကျောင်းဝတ်စုံဖြင့်အပြင်ထွက်ရန် ကြံနေသည်။

"သခင်လေး ခဏလေး သခင်လေး"
ယာဉ်မောင်းဝမ်ဟာ သူ့ပေါင်မုန့်မီးကင်လေးကို စားနေရင်းဖြင့်
"ကျွန်တော် သခင်လေးကို ကျောင်းပို့ဖို့ ကားသွားထုတ်လိုက်မယ်ဗျာ ခဏလေးစောင့်ပါဗျ "
သခင်လေးများ မနေ့ကထက် ပိုစောပြီး နိုးနေတာများလား။

"မလိုတော့ဘူး ဒီမှာစကိတ်ဘုတ်ရှိတယ် အဲ့ဟာနဲ့သွားလိုက်မယ် "
ဖူကျို့က ခြံဝ၌ ရပ်နေပြီး သူမ ခြေဖဝါးအောက်ကစကိတ်ဘုတ်ကို လက်ညှိုးညွှန်ပြလေသည်။
ယာဉ်မောင်းဝမ်က "အာ...."ဆိုသည့် အသံကိုသာ ထွက်နိုင်တော့သည်။
"သခင်လေး ကားထပ်မစီးတော့ဘူးလားဗျာ"

"မလိုတော့ဘူး ဦးလေးဝမ်၊ ပြီးတော့ကျောင်းဂိတ်ဝမှာလာစောင့်မနေနဲ့ဦးနော် အခု ဆောင်းဦးရာသီရောက်နေပီဗျာ ပြီးတော့အေးသည်ထက်အေးလာပြီလေ ဦးလေးက ဒီရာသီဥတုဒဏ်ကို ခံဖို့အတွက် အသက်ကြီးနေပါပြီ ကျွန်တော့ဘာသာကျွန်တော်အဆင်ပြေပါတယ် "

ဖူကျို့၏ပုံရိပ်က ပြောရင်းဖြင့် ပျောက်ထွက်သွားလေတော့သည်။ သူမ အသံဟာ သူ့၏ နားထဲ၌ ထပ်ကာထပ်ကာ ကြားနေလေတော့သည်။

အခုလက်ရှိ ဒီနေရာ၌ ယာဉ်မောင်းဝမ်က ရှော့ခ်ရနေပေတော့သည်။
သခင်....သခင်လေးက ငါ့ကို ဂရုစိုက်တယ်တဲ့လား။

ဖူကျို့သည် ယခင်က သွေးအေးပြီး ရက်စက်သည့် လူတစ်ယောက်ဖြစ်လေသည်။ ယာဉ်မောင်းဝမ်က ထိုအကြောင်းကို အသိဆုံးဖြစ်ပေသည်။

သူထင်တာကတော့ သခင်လေးဟာ အခုတလော ကောင်းကောင်းမွန်မွန် နေထိုင်နေပြီးတော့ သခင်မကြီးဆီက မုန့်ဖိုးအပိုရအောင် ပိုပြီးတော့ စဥ်းစဥ်းစားစားနေလာတယ်ပေါ့။
ဒါပေမဲ့ သူ မထင်ထားမိတာက သခင်လေးဟာ လုံးဝကိုပြောင်းလဲသွားတာပါပဲ။

သခင်လေးဟာ နွေးထွေးတဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ။
မနက်၈နာရီဆိုတဲ့အချိန်က ကျောင်း၌ လူသွားလူလာအများဆုံးအချိန် ဖြစ်လေသည်။
အမျိုးမျိုးသော ဇိမ်ခံကားတွေက ကျောင်းဂိတ်ဝ၌ ပါကင်ထိုးထားကြပြီး ပြည့်သိပ်နေကြပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now