အခန်း (၅၃)

1.6K 172 2
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၅၃) နတ်ဘုရားချင်နဲ့အီစီကလီဖို့ ဂိမ်းထဲဝင်ကြပါစို့

ကျန်းမြို့က ပင်လယ်နှင့် မနီးသောကြောင့် ထိုသို့ ကျောက်ပုစွန်အကောင်ကြီးများက အသက်မရှိဘဲ သေနေလျှင်တောင်မှ အလွန် ဈေးကြီးပေသည်။

အခု သူ့သခင်လေးကိုင်ထားတာက အရှင်လတ်လတ်ကြီးလေ၊ ဘယ်လိုတောင် ဈေးကြီးလိုက်မဲ့ဖြစ်ခြင်း။

ဟိုတလောက သခင်လေး ပိုက်ဆံပြတ်နေတာဆို။
အခုကျတော့ ဈေးအကြီးဆုံးအရာတွေကိုလက်ဝယ်ပိုက်လို့။

"ကြီးမြတ်လှတဲ့သခင်လေးချင်က ငါလေးကိုပေးတာလေ"

ဖူကျို့က ထိုကျောက်ပုစွန်များကို ချန်ရှောင်တုံး လက်အတွင်းသို့ ပစ်ပေးလိုက်လေသည်။

"ဒီဟာတွေကို ရေပုံးထဲထည့်ပြီး အန်တီလင်းကို ပေးလိုက်၊ အမေလာတဲ့အခါကျရင် ဒီကျောက်ပုစွန်တွေကို အမေ့အတွက်ချက်ပေးဖို့ပြောလိုက်"

ချင်....ချင်၊ သခင်လေးချင်ဆီက ကျောက်ပုစွန်။
ချန်ရှောင်တုံး၏ မျက်လုံးများက အရင်ကထက်ပို ပြူးကျယ်သွားပေသည်။ သူ့လက်ထဲက ကျောက်ပုစွန်များက အရင်ကထက်ပိုပြီး လေးလံလာသလို ခံစားလိုက်ရပေသည်။

ငါတို့သခင်လေးနဲ့ သခင်လေးချင်က လက်ဆောင်တွေပေးရလောက်တဲ့အထိကို ရင်းနှီးကုန်ပြီလားဟ။

ဟုတ်ချင်ဟုတ်မှာပေါ့။ တစ်စုံတစ်ယောက်က သူနဲ့အိပ်ချင်တယ်လို့ ပြောတာတောင် ဒီလူက အသက်ရှင်နေသေးတယ်ဆိုတော့.....ဥပမာ ငါတို့သခင်လေးလိုပေါ့။

ငါတို့သခင်လေးက သူ့ချစ်ခြင်းမေတ္တာဘာညာသလကာကို သခင်လေးချင်ဆီ ပထမဆုံးအကြိမ် ဖော်ပြတုန်းကတောင်သခင်လေးချင်က သူ့ကို လက်တစ်ဖက်တည်းနဲ့ သေအောင် ရိုက်သတ်လုနီးပါးပဲလေ။

အခုတော့ သူက သခင်လေးကို ထူးထူးဆန်းဆန်း လက်ဆောင်တွေဘာတွေ ပေးလို့ပါလား။

ဒါပေမဲ့ ကျောက်ပုစွန်တွေကို လက်ဆောင်ပေးတာက နည်းနည်းများ ထူးဆန်းမနေဘူးလားလို့။

ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ကမ္ဘာက ငါတို့လို သာမန်လူတွေ အမြဲနားလည်နိုင်တဲ့နေရာမှမဟုတ်တာ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now