အခန်း (၄၄)

1.6K 200 4
                                    

ဘာသာပြန်သူ- Erata Team

အပိုင်း (၄၄) သခင်လေးချင်က ဖူကျို့ကို အမျိုးသားသန့်စင်ခန်းထဲ ခေါ်သွားတယ်

တကယ်လို့ သူမက မိန်းကလေးသန့်စင်ခန်းကို သွားရင် လူတွေက သူမကို နှာဘူးလို့ပြောကြဦးမယ်။
တကယ်လို့ ယောက်ျားလေး သန့်စင်ခန်းကို သွားပြန်ရင်လည်း ဘိုထိုင်အိမ်သာမဟုတ်ရင် လွတ်လွတ်လပ်လပ် ရှူးပေါက်ရမှာ မဟုတ်ပြန်ဘူး။

ဖူကျို့က သူမ ဆံပင်များကို စိတ်ရှုပ်ရှုပ်ဖြင့် ဆွဲဖွလိုက်သည်။ သူမ၏ လှပသည့်မျက်ခုံးများက မျက်မှောင်ကြုတ်လေတိုင်း တွန့်ချိုးသွားလေသည်။
ကောင်းပြီ၊ ဆုံးဖြတ်လိုက်ပြီ၊ ဘယ်သူမှမရှိတဲ့ အခန်းဆီ ငါလေး ဝင်သွားမယ်။

ဖူကျို့က သူမကို နှာဘူးဟု အထင်မမှားစေရန် အလို့ငှာ မျက်နှာပေါ်၌ အပြုံးလေးတစ်ပွင့် ဆင်မြန်းထားကာ သူမလက်ကို ခါး၌ ထောက်ထားလေသည်။ ထို့နောက် တံခါးနား၌ ကြော့ကြော့မော့မော့ ရပ်နေပေသည်။

မိန်းကလေးတစ်ယောက်က သန့်စင်ခန်း‌ဆီမှ ထွက်လာသည်နှင့် ချက်ချင်း လှပခံ့ညားသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်မိသည်။ သူမ ခေါင်းကို မော့လိုက်သည်နှင့် ချက်ချင်း ရှက်သွေးဖြာသွားလေသည်။

ဒီကောင်လေး...ဒီကောင်လေးက အရမ်းခံ့ညားတာပဲ။
ဒါပေမဲ့ အဲဒါက ထူးဆန်းတာပဲ။ ဘာလို့ သူက သန့်စင်ခန်းအပြင်ဘက်မှာ ရပ်နေတာလဲ။
ထိုမိန်းကလေးက ဖူကျို့ကို သံသယဖြစ်စွာ စိုက်ကြည့်လေတော့သည်။
ဖူကျို့က ပြုံးလိုက်ပြီး ဘေစင်ကို လက်ညှိုးညွှန်ပြလိုက်သည်။

"ဒီရေပိုက်ခေါင်းက ကျိုးနေတာ ထင်တယ်၊ ရေလည်း မထွက်လာဘူး"
"အမ် အာ ကျွန်မ လုပ်ပြမယ်"
ထိုကောင်မလေးက သူမ ခေါင်းကို ရှက်ရွံ့ စွာ ငုံ့လိုက်သည်။ ထိုသို့ ချောမောလှသည့် လူငယ်လေးက သူမနှင့် ထိလုနီးပါးအထိ နီးကပ်နေပေရာ သူမ ဘာဆက်လုပ်ရမှန်းမသိအောင် ရှက်ရွံ့နေပေသည်။

သူမ ဒီအတိုင်း ဆက်နေသင့်လား ဒါမှမဟုတ် အမေဂျမ်းလို ကြမ်းပြလိုက်ရမလား။
ထိုမိန်းကလေးက ရင်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ကလိကလိ၊ ကျလိကျလိဖြစ်နေမှုကို ဖုံးကွယ်ကာ သူမ လက်ကို ထုတ်လိုက်ပြီး အသံနိမ့်လေးဖြင့်

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now