အခန်း (၇၆)

1.7K 181 3
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၇၆) သခင်လေးချင်ရဲ့အကန့်အသတ်

ကြီးမြတ်လှသည့် သခင်လေးချင်၏ စကားများက နွေးထွေးချိုမြသည့်ပုံပေါက်သော်လည်း သူ့အသံက အေးစက်နေပြီးကြားရသမျှ လူတိုင်း၏နှလုံးသားကိုတုန်လှုပ်စေနိုင်စွမ်းရှိနေသည်။

ဖြစ်နိုင်တာက သူ့ရဲ့ပတ်ဝန်းကျင်လေထုက အေးခဲနေလို့များလား။

မည်သည့်စားပွဲထိုးကမှ သူ့ကို ကြည့်ရန် သတ္တိမရှိကြပေ။

သခင်လေးချင်က မြောက်ပိုင်းနယ်မြေသုံးနေရာကို လွှမ်းမိုးနိုင်သည့် အာဏာအပြည့်အဝရှိလေသည်။ စားပွဲထိုးများက သူတို့ သခင်လေး ကျေးဇူးပြု၍ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးနေပါတော့ဟု ဆုတောင်းနေကြပေတော့သည်။ မဟုတ်လျှင် သူတို့၏ ပထမသခင်လေးဖုန်းရီတစ်ယောက် သူ့ကိုယ်သူ မကယ်တင်နိုင်ဖြစ်ပေတော့မည်။

ဖုန်းရှန်းက ပါးစပ်ပိတ်ကာ ငြိမ်ငြိမ်နေလိုက်ပြီး သူ့ခေါင်းကို ကြမ်းပြင်သို့ ငုံ့ထားလိုက်လေတော့သည်။

ကျို့ကျို့လို့ခေါ်တာက မကောင်းလို့လား၊ ဘာလို့ သခင်လေးချင်ရဲ့ အကြည့်တွေက ပိုပြီးအေးစက်လာရတာလဲ...။

ဖူကျို့က ဘယ်အရာက ချင်မော့ကို ဒေါသထွက်စေသည့် ပြဿနာအရင်းအမြစ်လဲဆိုသည်ကို သေချာသိလေသည်။ တကယ်လို့ သူမသာ ချင်မော့နေရာမှာသာလျှင် သူမ မရှိဘဲနှင့် ချင်မော့က အခြားသူငယ်ချင်းအသစ်တစ်ယောက်နှင့်ခင်မင်သွားမယ်ဆိုလျှင် သူမလည်းပဲ မပျော်မရွှင်ဖြစ်နေမှာ သေချာသည်။

တကယ်ဆိုရင် သူလေးလည်း ငါ့ကိုအလေးအနက်ထားရှာသားပဲ၊ မဟုတ်ရင် အစည်းအဝေးပြီးတာနဲ့ ငါလေးကို ချက်ချင်း သွားရှာမလားတဲ့လေ။

သူ့အတွင်းရေးမှူးလျန်ကို လာရှာခိုင်းလို့လည်းရတာပဲကို...။

ထိုအရာကို တွေးမိသည်နှင့် ဖူကျို့က တူကိုချလိုက်ပြီးချင်မော့ကို ကြည့်လိုက်လေသည်။ ဖူကျို့က သက်ပြင်းချလိုက်၏။

"နင်လေးကမှ ငါ့ကို ထောက်ခံစာ မပေးတဲ့ဟာကို၊ အဲတော့ ဒီမန်နေဂျာက ငါလေးကို မတူမတန်သလို ဆက်ဆံပြီပေါ့..အဲဒါကြောင့် ငါလေးထွက်လာခဲ့တာလေ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now