အခန်း (၂၈)

1.7K 210 3
                                    

ဘာသာပြန်သူ- JustCBond

အခန်း (၂၈) ချင်မော့က Spade Zကို ဆက်ရှာနေဆဲ

“ ဒီ ကျောင်းသားတွေထဲကလား"
COCOနှင့် ဖက်တီးက အံ့အားသင့်သွားသဖြင့် တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေမိသည်။ သူတို့မျက်လုံးများက ရှော့ခ်ရမှုများဖြင့် ပြည့်နှက်နေသည်။

ကျောင်းသား ခြောက်ယောက်လုံးက လုံးဝကို ပုံမှန်ကလေးတွေလိုပါပဲ။ သူတို့အထဲက တစ်ယောက်က စီအီးအိုချင်ကို လိုက်ပိုးတဲ့ ဂေးလေးတစ်ယောက် ပါနေတာက လွဲလို့ပေါ့။

ဒီလို လူစားမျိုးက "Spade Z” ဖြစ်နိုင်လို့လား။

ချင်မော့က မျက်ခုံးပင့်လိုက်သည်။ ဆေးလိပ်ငွေ့များဖြင့် မြူထူထပ်သကဲ့သို့ ဖြစ်နေသည့် အခန်းအတွင်း၌ ချောမောလှသော သူ့မျက်နှာက အနည်းငယ် စိတ်မကျေနပ်လေဟန်ဖြင့်

" မင်း ဘာလို့ အံ့အားသင့်နေတာလဲ Spade Zက ကျောင်းသား တစ်ယောက်လို့ မင်းတို့ကို ငါ မပြောဘူးလား"

"ဒါပေမဲ့ အစ်ကိုကြီးရေ Spade Zက ဒီခြောက်ယောက်ထဲက တစ်ယောက်လို့ ဘာလို့ အတပ်ပြောနိုင်ရတာလဲ"

ဖက်တီးက လက်ရှိအချိန်ထိ သဘောမပေါက်သေးပေ။

ချင်မော့က သတင်းခေါင်းစဉ်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းကိုသာ လိုရင်းရောက်အောင် ပြောသည်။

"ဘာလို့ဆို အပြစ်မဲ့တဲ့သူကပဲ တရားမျှတမှုဆိုတဲ့ အရာကို လိုလားတာမို့လို့လေ"

ဖက်တီးက ကြောင်အနေရာမှ ရုတ်တရက် အလင်းပြခံလိုက်ရသလို ခံစားလိုက်ရသည်။

တကယ်လို့ Spade Z က ဒီခြောက်ယောက်ထဲမှာ ရှိမယ်ဆိုရင် ရှာရမှာက နည်းနည်းလေး ပိုလွယ်သွားသလိုပဲ။

ဘာလို့လဲဆိုတော့ ခြောက်ယောက်ထဲက လေးယောက်က ယောက်ျားလေးတွေလေ။ Spade Zက သူ့ လိင်ကို မဖော်ပြထားပေမဲ့ သူ လုပ်နေကြပုံတွေကို ကြည့်လိုက်မယ်ဆိုရင် ယောက်ျားလေးတစ်ယောက် ဖြစ်ဖို့များတယ်။

ထိုည၌ ဖူမိသားစု၏ အိမ်ရာ၌ ဖူကျို့က USBကို ယူထုတ်လိုက်သည်။ သူမ အောက်ဆင်းလိုက်သည်နှင့် ဟယ်ဟုန်ဟွာ ဖုန်းပြောနေသည်ကို ကြားလိုက်ရသည်။ ဟယ်ဟုန်ဟွာ၏အသံက အလွန်ကျယ်ပြီး တစ်စုံတစ်ယောက်နှင့် အငြင်းပွားနေဟန်တူသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now