အခန်း (၇၄)

1.5K 185 2
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၇၄) သခင်လေးချင်လာနေပြီ

ဖုန်းရှန်းက ဖူကျို့ ဘာကြောင့် ထိုသို့ဖြစ်သွားသည်ကို ကောင်းစွာ သိလေသည်။ သူက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး သူ့နားရွက်များကလည်း အရှက်သည်းလွန်းသဖြင့် နီရဲတွတ်နေပေသည်။

"မင်း..မင်းကတော့ ငါက ဂိမ်းထဲကနဲ့အပြင်နဲ့လုံးဝမတူဘူးလို့ တွေးနေတော့မှာပဲ၊ ဒါပေမဲ့ မင်းတစ်ခုတော့ သိထားပေးရမယ်နော်၊ ငါ့အစ်ကိုက ငါ့ကို ဂိမ်းထဲမှာပဲ ပိုက်ဆံတွေ အများကြီး ထည့်ပေးတာ အပြင်မှာတော့ မပေးဘူးရယ်၊ ဒါကြောင့်ငါ..ငါ့ဆိုင်မှာပဲ ဟော့ပေါ့ကျွေးနိုင်သေးတာ၊ ပြီးတော့ မင်း.မင်းက ငါစကားထစ်တာကို မလှောင်ရယ်တဲ့ ပထမဆုံးသူပဲ၊အဲ..အဲဒါကြောင့် မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်တာပါ”

ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ပြီး မျက်လုံးအကြည့်များက ထက်ရှသွားပေတော့သည်။

"မင်းရဲ့အစ်ကို၊ မင်းရဲ့အစ်ကိုက ဖုန်းရီလား"

ထို့အပြင် ကျန်းမြို့၌ သည်မျိုးရိုးနာမည်နှင့် လူများက သိပ်မများပေ။

သည်ကောင်လေးက ခေါင်းညိတ်ပြပြီး

"မင်း..မင်းရဲ့ ဂိမ်းထဲကနာမည်က ဘာလဲ၊ နောက်..နောက်ဆိုရင် ငါတို့ဂိမ်းတူတူကစားကြရအောင်နော်"

" ဘာလဲ ငါလေးကို ဘော့စ်တွေကူရှင်းပေးပြီး ဝေဟင်မှာ ပျံသန်းဖို့ ခေါ်သွားမလို့လား"

ဖူကျို့က ဖုန်းရှန်းကို ထိုသို့ပြောပြီး စနောက်လိုက်သည်။ အကြောင်းအရင်းမူကား သည်ပုံစံက သူ့ဂိမ်းထဲက စရိုက်ပုံစံ ဖြစ်သောကြောင့် ဖြစ်သည်။

ဖုန်းရုန်းက ထိုအရာကို ကြားလိုက်သည်နှင့် ခေါင်းမှ ခြေအထိ ရှက်သွေးဖြာသွားပေတော့သည်။

ဖူကျို့က ဖုန်းရှန်းကို စနောက်တာများသွားပြီဟု ခံစားလိုက်ရသည်။

ပြီးတော့ သူလေးက ကြီးမြတ်လှတဲ့သခင်လေးချင်မှ မဟုတ်တာ၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်လိုစစ နောက်နောက် အေးတိအေးစက်နဲ့ မာနကြီးကြီးနဲ့ ကိုင်တွယ်နိုင်တဲ့ လူစားမျိုးမှမဟုတ်ပဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now