ဘာသာပြန်သူ YuuKi
အပိုင်း(၁၇၂)  အိပ်ရာဝင်ပုံပြင်အကြောင်း မေ့သွားပြီလား
“အိပ်တော့မယ် ဟုတ်လား”
 လူကြီးသည် သူမကိုကြည့်ပြီး သူ့မျက်ခုံးကို ပင့်တင်လိုက်သည်။ သူသည် သူ့ရှည်သွယ်သော လက်ချောင်းများဖြင့် ထိုစာအုပ်များကို စာအုပ်စင်ပေါ်ကဆွဲထုတ်လိုက်ပြီး အသာအယာ မ,လိုက်သည်။ 
“ဒီ အိပ်ရာဝင်ပုံပြင်ကိစ္စကို မင်းမေ့တောင်သွားပြီလား” 
ဖူကျို့နေရာတွင်ပင် ခေတ္တရပ်လျက် အေးခဲသွားတော့သည်။
 တကယ်ကြီးလားဟ။
“ အစ်ကိုမော့ ဒီဝတ္ထုတွေကလေ တကယ်ကြီးကောင်းတဲ့ အိပ်ရာဝင်ပုံပြင်တွေမဟုတ်ဘူး”
“ကောင်း မကောင်းကို မင်းဆုံးဖြတ်ရမှာမဟုတ်ပါဘူး” 
ချင်မော့ ပုံမှန်လေသံဖြင့်ပြောလိုက်သည်။ သူ့အင်္ကျီထဲမှ စီးကရက်ဗူးတစ်ခုကို ထုတ်လိုက်ပြီး စီးကရက်တလိပ် ဆွဲထုတ်လိုက်သည်။ စီးကရက်ကိုသူ့နှုတ်ခမ်းတွင် ခဲထားပြီး ခေါင်းလေးစောင်းကာ မီးညှိလျက်ပြောလိုက်သည်။ 
“ ဒီနေ့ အိပ်ရာမဝင်ခင် ငါ ဒီစာအုပ်တွေကို နားထောင်ချင်တယ်”
ဖူကျို့ : “ ..... “
ကြီးမြတ်တဲ့သခင်လေး နင်လေး ခုလိုလုပ်ချင်တာပဲလုပ်နေမယ်ဆိုရင် သူငယ်ချင်းတွေရတော့မှာမဟုတ်ဘူးနော်။
“မင်း မဖတ်ပြချင်တာလား”
 ချင်မော့လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ 
“ ဒါမှမဟုတ် အပြင်မှာ ဆယ်ပတ်ပြေးပြီးတော့ ကျန်းမြို့ရဲ့မီးခိုးငွေ့တွေကိုရှူချင်တာလား”
ဖူကျို့ ထိုလူကြီးရဲ့လက်ထဲကစာအုပ်ကိုယူလိုက်ပြီးပြုံးလျက်ပြောလိုက်သည်။
 “ ငါလေးက ပညာတတ်တစ်ယောက်ဆိုတော့ စာအုပ်တွေက ငါလေးနဲ့ပိုလိုက်ပါတယ်လေ”
“ ပညာတတ်လူတန်းစားတွေက ဒီလိုစာအုပ်မျိုးကိုဖတ်တယ်သတဲ့လား”
 ချင်မော့ ကောင်လေး၏ နဖူးကို သူ့လက်ချောင်းနဲ့တောက်လိုက်သည်။
                                      
                                  
                                              ESTÁS LEYENDO
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့
RomanceOriginal Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBond, Erata Team ... ဇာတ်လမ်းမိတ်ဆက် အပေါ်ယံမှာတော့ သူမက အထက်တန်း ကျောင်းသားလေး ဂေးတစ်ယောက်ပေါ့။ တကယ့်...
