အပိုင်း (၁၉၄) အမှတ်ပြည့် မှတ်ကျောက်တင်ခြင်း

819 95 3
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၁၉၄) အမှတ်ပြည့် မှတ်ကျောက်တင်ခြင်း
အခန်းထဲရှိကျောင်းသား အယောက်တိုင်းသည် ဆရာမ၏ချီးကျူးခံရမည့်သူကို ခန့်မှန်းနေကြသည်။

သေချာပါသည် ရှေ့တန်းတွင်ထိုင်သည့် ထိပ်ဆုံးကျောင်းသားများပဲ ဖြစ်လိမ့်မည်။

ဘယ်သူကထင်ထားမှာလဲ......

အင်္ဂလိပ်ဆရာမသည် မည်သူမှ မှန်းမထားသော နာမည်တခုကို ပြောလိုက်လေသည်။

“ ဖူ ကျို့ သူ့အင်္ဂလိပ်စာရမှတ်က အခန်းထဲမှာပဲ ပထမ မဟုတ်ဘူး သူမက အမှတ်ပြည့်ရတဲ့ လူနည်းစုထဲကတစ်ယောက်ပဲ”

အမှတ်..... အပြည့် ဟုတ်လား

ထိုခဏတွင် အခန်းကလူတိုင်းက နောက်မှာထိုင်နေတဲ့ကောင်လေးဘက်ကို ကြည့်လိုက်ကြတယ်။

သူတို့ရဲ့မျက်လုံးတွေက အယုံအကြည် ကင်းမဲ့မှုအပြည့်နဲ့ပေါ့။

စာမေးပွဲမတိုင်ခင်က ဖူကျို့ရဲ့ ဆိုးဆိုးဝါးဝါး ရိုက်တာခံခဲ့ရတာ ကျန်းဖေးရန် လျိုကျုံးမင် တို့နှစ်ယောက်စလုံးရဲ့မျက်လုံးတွေကလဲ တုန်လှုပ်ခြောက်ခြားလို့ နေတော့တယ်။

ကျန်းဖေးရန် ကြက်သေသေသွားလေသည်။ အကြောင်းမှာ အရင်က မည်သူမှ သူ့အမှတ်ကို ကျော်ဖူးခြင်း မရှိခဲ့သောကြောင့်ပင်။

လျိုကျုံးမင်သည်လည်း မှင်တက်သွားလေသည်။ ဖူကျို့ အမှတ်ပြည့်ရသွားလျှင် သူသည် အတန်း၏ဘိတ်ချေး ဖြစ်သွားမည်မဟုတ်ပါလား

ထိုအရာသည် အမှန်ပင်။ လျိုကျုံးမင်သည် အောက်ဆုံးမှရေလျှင် ဒုတိယအထင်ကရပေကိုး။

ဒါတွေကအကြောင်းမဟုတ်သေးဘူး၊ အဓိကအချက်က_____

ဖူကျို့က ဘိတ်ချေးပဲဖြစ်နေကျလေ ဒါနဲ့များ သူက အမှတ်ပြည့် ဘယ်လိုရလာတာလဲ

လူတိုင်း၏မျက်လုံးများတွင် အမျိုးမျိုးသောထင်မြင်ချက်များ သယ်ဆောင်ထားကြသည်။ အချို့မှာ အထင်ကြီးကြပြီး အချို့မှာ မနာလိုဖြစ်ကာ အချို့မှာ ရှော့ခ်ရသွားသည်။ အမှန်ပင် အများစုသည် မယုံကြည်နိုင် ဖြစ်နေကြလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now