အခန်း (၇၈)

1.5K 165 1
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၇၈) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့အတွေး

အရသာရှိသည့် ဟော့ပေါ့ ကို စားပြီးနောက် ဖူကျို့က ချင်မော့ကို နှုတ်ဆက်စကားပြောပြီး အိမ်သို့ပြန်ကာ သူမ၏ လက်တော့ပ်ကို စစ်ဆေးကြည့်ချင်လေသည်။ သူမ၏ လက်တော့ပ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများက ရှိနေပြီးသား ဆိုသော်လည်း အတွင်းအစိတ်အပိုင်းများကို သူမ installလုပ်ရန်တော့ လိုအပ်ပေသည်။

သူမ မထင်ထားသည်က ကြီးမြတ်လှသည့် သခင်လေးချင်က သူမကို ထွက်သွားခွင့်မပေးဘဲ ဆက်နေခိုင်းထားတာ ဖြစ်လေသည်။

"ခဏကြာရင် ဒီနေရာမှာ လူတစ်ယောက်နဲ့ညစာအတူတူစားဖို့ရှိတယ် ငါနဲ့အတူတူစား ပြီးတာ့ မင်းကို အိမ်ပြန်ပို့ပေးမယ်"

ဖူကျို့က ကမ်းလှမ်းချက်ကို ငြင်းရန်လုပ်နေစဉ် ကြီးမြတ်လှသည့် သခင်လေးချင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဒီဟာတွေပြီးမှ ငါ မင်းနဲ့ဂိမ်းအတူတူကစားမှာ"

ဘာာ၊ ငါလေးညစာမစားရင် ဂိမ်းမကစားဘူးဆိုတဲ့သဘောလား၊ ဒါပေမဲ့ ငါခုလေးတင်ဟော့ပေါ့စားလို့ပြီးတာလေ ထပ်စားရမယ်ဆိုရင်တော့....။

ချင်မော့က ဖူကျို့အတွေးကို နားလည်ပုံရလေသည်။ သူ့စီးကရက်ကို အသာခါလိုက်ပြီး

"အအေးတချို့ပါပဲ၊ မင်းကို နောက်ထပ် ဟော့ပေါ့ မကျွေးဘူး"

"တကယ်တော့ ငါလေး နောက်ထပ် အမဲသားတစ်ပန်းကန်စားနိုင်ပါသေးတယ်"

ဖူကျို့က သူမ မေးကိုကိုင်လိုက်ပြီး ရယ်လိုက်ကာ

"အဲဒါက ညစာလို့သတ်မှတ်လိုက်ပြီ"

ချင်မော့က ရှည်ရှည်ဝေးဝေး ဆက်မပြောနေတော့ပေ။ သို့သော် မျက်နာချင်းဆိုင်၌ ထိုင်နေသည့် ချင်မော့မျက်နှာရိပ်မျက်နှာကဲကို စက္ကန့်မပြတ် အကဲခတ်နေသည့် ဖုန်းရှန်းက နောက်ဆုံး၌ ချင်မော့မျက်နှာထားက အေးစက်တင်းမာရာမှ နူးညံ့ပျော့ပျောင်းလာသည်ကို တွေ့လိုက်ရလေသည်။

သူတို့နှစ်ယောက်လုံးက ခဏကြာရင် ညစာတူတူစားဖို့ရှိတယ်၊ ဒါဆို ငါ့ကို မကြိုဆိုဘူးဆိုတဲ့ သဘောပေါ့။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now