အပိုင်း (၁၃၇) သခင်လေးချင်က ဖူကျို့ကိုသူငယ်ချင်းတစ်ယောက်လိုဆက်ဆံတယ်

1K 91 0
                                    

အပိုင်း (၁၃၇) သခင်လေးချင်က ဖူကျို့ကိုသူငယ်ချင်းတစ်ယောက်လိုဆက်ဆံတယ်

အန်တီကျန်းက ဆန်ပြုတ်ယူလာသည်နှင့် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဆန်ပြုတ်ပန်းကန်အား ကြမ်းပြင်ပေါ်သို့ လွှတ်ချမိတော့မလိုဖြစ်သွားခဲ့သည်။

သူမမျက်လုံးရှေ့မှာ ရှိနေတဲ့သခင်လေးဟာ သူမအရင်ကသိခဲ့ဖူးတဲ့သခင်လေးနဲ့လုံးလုံးမျှမတူတော့ဘူး။

သူမအရင်က သိထားခဲ့တဲ့သခင်လေးရဲ့ပုံစံက အေးစက်ပြီးခံစားချက်မဲ့တဲ့အသွင်ဖြစ်တဲ့အပြင် ဘယ်အရာကိုမှ စိတ်ဝင်စားခြင်းမရှိဘဲ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်မှာပဲရှိတာကို နှစ်သက်တဲ့သူ။

ဖြစ်နိုင်တာက သူမရဲ့သခင်လေးက ငယ်ငယ်လေးကတည်းကတစ်ယောက်တည်းနေလာခဲ့လေတော့ အခုတော့ အဖော်တစ်ယောက်ရပြီဆိုပြီး အခုလိုပြုမူနေတာများလားပဲ။

အန်တီကျန်းဟာ ထိုအကြောင်းတွေးမိပြီး မနက်ဖြန် သခင်မကြီးကို ဒီအကြောင်းပြောပြဖို့အတွက် ဖုန်းဆက်မည်ဟု တေးထားလိုက်သည်။ ပြီးတော့ ညလည်းအတော်နက်နေပြီဖြစ်သည်။

တကယ်လို့ သူမသာ ဒီအကြောင်းကို အခုပြောပြလိုက်မယ်ဆိုရင် သခင်မကြီး စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်တော့ဘဲနေတော့မှာကို စိုးရိမ်မိလေတော့ အန်တီကျန်းဟာ မနက်ဖြန်မှပြောပြတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ချင်မော့ဟာ အန်တီကျန်း တံခါးဝမှာ ရပ်နေတာကို မြင်လိုက်သည်နှင့်  ဖူကျို့ဆံပင်ကို သုတ်ပေးနေသည့် သူ့လက်ကို ပြန်ရုပ်လိုက်ပြီး အေးတိအေးစက်ဖြစ်နေဆဲအသံဖြင့်

"ရပြီ မင်းအခု မင်းရဲ့ဆန်ပြုတ်ကို စားလို့ရပြီ"

ထိုစကားကို ကြားလိုက်သည်နှင့် ဖူကျို့က ပိုပြီးတော့ပျော်သွားကာ ချက်ချင်းပဲ သူမ၏ ခပ်ပွပွဖြစ်နေသောခေါင်းကို မော့လိုက်ပြီး အန်တီကျန်းကို ပြုံးပြလိုက်ကာ

"အန်တီကျန်း ကျေးဇူးပါနော်"

အန်တီကျန်းဟာ အလျင်အမြန်နှင့် ကျေးဇူးတင်စရာမလိုကြောင်း လက်ယမ်းပြလိုက်ပြီး ဒီလူငယ်လေးက သူမရဲ့ဆန်ပြုတ်ကို အပူလောင်မှာမကြောက်ဘဲ အားရပါးရ စားနေတာကို မြင်လိုက်ရတော့ အန်တီကျန်းဟာ လုံးဝကို ပျော်ရွှင်သွားပြီး ဆန်ပြုတ်တစ်အိုးလုံးကို ဖူကျို့အရှေ့၌ ချပေးထားလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now