အခန်း (၇၅)

1.5K 179 3
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၇၅) သခင်ကျို့ဟာ ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ အီစီကလီရိုက်တယ်

"ချင်.. စီအီးအိုချင်.. "

စားပွဲထိုးက ယခုဝင်လာသည့် ချင်မော့ကို သတိထားကြည့်နေရင်း ဖူကျို့နှင့် ဖုန်းရှန်းကို အသံတိုးလေးဖြင့် သတိပေးလေသည်။

ချင်မော့က သူ့အရှေ့မှ လူနှစ်ယောက်ကို ကြည့်နေသည်။ သူ့နောက်ကျောမှာ တည့်မတ်လွန်းသဖြင့် တောင့်တောင်ကြီး ဖြစ်နေကာ ခမ်းနားကြီးကျယ်သည့် ထင်ရှူးပင်ကြီးလို နွေးထွေးမှု အလျင်းမရှိသကဲ့သို့ ဖြစ်နေသည်။

ချင်မော့ မျက်လုံးများက အလွန်အမင်းကို အန္တရာယ်ရှိနေသကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးများက ရှေးဟောင်းရေကန်ကဲ့သို့ အလွန်နက်ရှိုင်းကာ အေးစက်နေပေသည်။

စားပွဲထိုးက တစ်ခုခုပြောချင်သော်လည်း သူ မပြောလိုက်နိုင်ခင် မည်သူနှင့်မျှ နှိုင်းယှဉ်လို့မရနိုင်သည့် နတ်ဘုရားလို ချင်မော့က ပြတင်းပေါက်သို့ လျှောက်သွားလိုက်ပြီး ငွေရောင်ဆံပင်နှင့်လူငယ်၏ ကော်လံကို အားအပြည့်ဖြင့် ဆွဲကိုင်လိုက်သည်။

ဘန်း။

ဖူကျို့က ရုတ်တရက် ဘာဖြစ်သွားလဲဆိုသည်ကို မသိလိုက်ပေ။ ဖူကျို့က ကြည့်ဖို့လှည့်လိုက်သည်နှင့် သူမမျက်နှာတစ်ခုလုံးက ချင်မော့ရင်ခွင်ထဲ၌ နစ်မြုပ်သွားလေတော့သည်။ အေးမြသည့် ပူရှိန်းသကြားလုံးလို ကိုယ်သင်းရနံ့က ချင်မော့ဝတ်စုံမှ ပျံ့နှံ့လာပြီး သူမ နှာခေါင်းအတွင်းသို့ တိုးဝင်လာသည်။

သေချာပေါက် နင်လေးပဲဆိုတာကို ငါသေချာပေါက် ပြောစရာမလိုဘူးထင်တယ်၊
ငါလေးရဲ့ကော်လံကို ခဏခဏထထဆွဲတာက နင်လေးပဲရှိတာကို။

ဖူကျို့က မော့ကြည့်လိုက်ပြီး သူတို့နှစ်ယောက်၏ မျက်လုံးများက အကြည့်ချင်းဆုံသွားပေတော့သည်။ သည်မျက်လုံးများက နက်ရှိုင်းလွန်းလှသည့် တွင်းနက်ကြီးတစ်တွင်းလို ခံစားချက်မရှိမှု၊ တင့်တယ်ကြော့ရှင်းမှုများနှင့် ပြည့်နှက်နေပေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now