အပိုင်း (၁၀၈) ကြီးမြတ်လှတဲ့ချင်က ဒီညီလေးကို သိပ်ကောင်း

1.4K 141 3
                                    

အပိုင်း (၁၀၈) ကြီးမြတ်လှတဲ့ချင်က ဒီညီလေးကို သိပ်ကောင်း

ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့က ခေါင်းလေး စောင်းလိုက်သည်။ သူ့နှုတ်ခမ်းက ထိုလူငယ်၏ စိုစွတ်နေသော ဆံပင်ကို ထိလုမတတ်ဖြစ်သွားပေတော့သည်။ ချင်မော့၏ လက်ချောင်းများက ချက်ချင်း ရပ်တန့်သွားပြီး နှုတ်ခမ်းသားများက ယားကျိကျိဖြစ်လာသလို ခံစားလိုက်ရပေ၏။ ထို့နောက် ချင်မော့၏အသံက ချက်ချင်းတိုးကျသွားသည်။

"မျက်နှာသုတ်ပဝါယူပြီး မင်းဘာသာသုတ်တော့"

ထိုသို့ ပြောပြီးသည်နှင့် ချင်မော့က လက်တော့ကို ဖွင့်လိုက်ပြီးတော့ headphonesတပ်ကာ အစည်းအဝေးကို ပြန်ဆက်လိုက်သည်။ သူ့မျက်နှာက အေးစက်ပြီး မာနကြီးသည့်အသွင် ဆောင်နေပေသည်။

ဖူကျို့က သူမဆံပင်ကို စတင်အခြောက်ခံတော့သည်။ သည်တစ်ကြိမ်လည်း သူမ၏ အစ်ကိုမော့က မည်သည့်အကြောင်းကြောင့် ထဖောက်ပြန်မှန်း သူမ သေချာမသိပေ။

နင်လေးရဲ့ ခံစားချက်တွေကလည်း အတက်အကျ မြန်လိုက်တာနော်။

ငါလေး နင့်ကို စတောင် မစရသေးပါဘူးနော်။

ချင်မော့ အစည်းအဝေးလုပ်နေတာကို မြင်လိုက်ရတော့ ဖူကျို့က ထပ်ပြီးမနှောင့်ယှက်တော့ပေ။ မျက်နှာသုတ်ပဝါကို သူမ၏ ဦးခေါင်းပေါ်သို့ တင်လိုက်ပြီး သည်အတိုင်း ဆက်ထားလိုက်ပေသည်။ ထို့နောက် တုတ်ထိုးသကြားလုံးတစ်ချောင်းကို အခွံချွတ်လိုက်ပြီး သူမ၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

အချိန်တစ်မိနစ်က သည်လိုနှင့် ကုန်ဆုံးသွားလေသည်။ ဖူကျို့သည် ထိုနတ်ဘုရားချင်က သူမ၏ အကြောင်းကို မေ့သွားလိမ့်မည်ဟု ထင်နေခဲ့တာဖြစ်လေ၏။

ဖူကျို့ ခေါင်းမော့လိုက်သည်နှင့် သူမ၏ ဘေး၌ ထိုင်နေသူက ဦးခေါင်းပေါ်မှ မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ထိုသူ၏ နက်မှောင်သော မျက်ခုံးများ တွန့်ချိုးသွားတာကို မြင်လိုက်ရ၏။

"မင်း အအေးမိချင်နေတာလား"

ဖူကျို့က ရယ်လိုက်သည်။

"အယ် အစ်ကိုမော့က ငါလေးကို ဂရုစိုက်သေးသားပဲ"

"မင်းရဲ့အတန်းဖော်က ဒီမှာရှိနေတယ်ဆိုတော့ ငါ မင်းကို ကားထဲက မကန်ထုတ်တော့ဘူးလို့ မှတ်၊ မင်းမှာ အချိန်တွေပိုနေရင် စာတွေများများဖတ်သင့်တယ်!"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now