အပိုင်း (၉၃) ငါ့ညီလေးကို အနိုင်ကျင့်ချင်တယ်ပေါ့

1.4K 165 2
                                    

ဘာသာပြန်သူ JustCBond

အပိုင်း (၉၃) ငါ့ညီလေးကို အနိုင်ကျင့်ချင်တယ်ပေါ့

ထိုအထက်စီးဆန်သောစာကြောင်းက စခရင်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုလုပ်သည့်နေရာ၌ မှတ်ချက်များနှင့် ကစားသမားများ၏ ဆွေးနွေးမှုများက ပလူပျံနေပေတော့သည်။ သူတို့က Spade Z ၏ ခပ်မိုက်မိုက်အပြောတွေအောက်မှာ ကြွေဆင်းကုန်ကြတာဖြစ်လေသည်။

ငါလေး မင်းကို လက်နက်အကူအညီမပါဘဲ တစ်ချက်တည်းပွဲသိမ်းနိုင်တယ်။

လျန်ရွှီကွမ်းက ထိုစာကို မြင်လိုက်သည်နှင့် သူ့မျက်နှာဖြူဖြူလေးဟာ ဒေါသကြောင့်နီရဲလာလေ၏။

သူ့လက်ချောင်းများက မောက်စ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ တကယ်လို့ ဒီနေရာသာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်တဲ့နေရာမဟုတ်ဘူးဆိုရင် သူသေချာပေါက် အော်ဆဲမိမှာအမှန်ပဲ။

ဒီကောင်က သေချာပေါက် ငါ့ကို စောက်ရှက်ခွဲဖို့လာတာပဲ။ ပြီးတော့ သူ့ရဲ့အောင်မြင်မှုမှတ်တမ်းတွေကိုလည်း ဖုံးထားလိုက်သေးတယ်။ ဒီကောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲဖြစ်ရမယ်။

အစီအစဥ်တင်ဆက်သူဟာ ဘာတွေဖြစ်နေလဲဆိုတာကို သတိထားမိလိုက်ပြီးတော့ လျန်ရွှီကွမ်းဘက်မှနေ၍ “တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာက အင်တာနက်လိုင်းအတက်အကျတွေဆိုတာ ရှိတတ်တာပဲရှင်၊ ဒီဟာက ကျွန်မတို့ရဲ့ စိန်ခေါ်သူဖန်လေးအတွက် ကျေနပ်စရာပဲပေါ့၊ မထင်ထားခဲ့မိတဲ့ ရလဒ်လေးပါလား ဒါပေမဲ့ ကျွန်မတို့ရဲ့ကြီးမြတ်လှတဲ့ရွှီကွမ်းရဲ့ စိတ်နေစိတ်ထားလေးကိုလည်း မေ့ပစ်လို့ မရပါဘူးနော်၊ သူကဘယ်လောက်တောင် စိတ်ထားကောင်းလိုက်လဲ သူ့ရဲ့ဖန်တွေကို အမြဲတမ်းတွေးပေးပြီးတော့ သက်သက်အရှုံးခံလိုက်တာကိုပဲကြည့်လိုက်ပါရှင် သူ့လိုစိတ်ထားကောင်းတဲ့ ပြိုင်ပွဲဝင်လေးတစ်ယောက်က ရှင်တို့ဆီက အချစ်တွေရဖို့ မထိုက်တန်ဘူးလား ပရိသတ်များရှင့်"

သူမပြောတာကိုကြည့်ခြင်းအားဖြင့် လူတွေဟာ ဒီအစီအစဥ်တင်ဆက်သူက အွန်လိုင်းဂိမ်းအကြောင်း လုံးဝ နားမလည်ပါလားလို့ အတပ်ပြောနိုင်ပေ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now