အပိုင်း (၁၁၈) နောက်ဆိုရင် ငါ မင်းရဲ့ရူပဗေဒဆရာ ဖြစ်ပေးမယ်

1.3K 128 3
                                    

အပိုင်း (၁၁၈) နောက်ဆိုရင် ငါ မင်းရဲ့ရူပဗေဒဆရာ ဖြစ်ပေးမယ်

ရွယ်ယောင်ယောင်က ကြီးမြတ်လှသော သခင်လေးချင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အမူအရာနှင့် မေးမှန်း နားမလည်လေတော့ ဒွိဟဖြစ်လျက် ခေါင်းညိတ်ပြလိုက်မိသည်။

ဖူကျို့က နံဘေး၌ ရေသောက်နေသည်။ သူမ ခေါင်းစောင်းလိုက်ချိန်မှာတော့ ဖြူဖွေးနုဖတ်နေသည့် သူမ၏ လည်ပင်းက ရှည်သယောင်ယောင် ဖြစ်နေပေ၏။

ချင်မော့သည် ဖူကျို့ကို ကြည့်လိုက်တော့ သူမ၏ အပြုအမူများကို မြင်သွားပေ၏။ သူ၏ နက်မှောင်နေသော မျက်ဝန်းများက ဖူကျို့၏ ချောမွတ်နေသော လည်ပင်းဆီ အကြည့်ရောက်သွားပေတော့သည်။ ချင်မော့သည် ထပ်သည်းမခံနိုင်တော့သဖြင့် ဖူကျို့ကို အနီးသို့ ဆွဲခေါ်လိုက်၏။

"မင်း ကျောင်းမှာ ကောင်းကောင်း အဆင်ပြေနေတယ်ဆိုရင် စာလုပ်မဲ့အစား မိန်းကလေးတွေနဲ့ အားအားယားယား အီစီကလီနေဖို့ အချိန်တွေတော်တော် ပေါနေတယ်ပေါ့လေ"

"နင်လေး ဘာတွေပြောနေတာလဲ"

ဖူကျို့က ချောင်းဟန့်လိုက်ပြီးတော့

"အစ်ကိုမော့ ငါလေးကို မဟုတ်တရုတ်တွေ မစွပ်စွဲပါနဲ့ဟ၊ ပြီးတော့ ယောင်ယောင်က ငါလေးရဲ့ အသင်းဖော်လေ၊ ပြီးတော့ သူမက ငါ့ရဲ့ရူပဗေဒဆရာမလည်းဖြစ်သေးတယ် ငါ့သင်ခန်းစာတွေကို ကူညီပေးမဲ့ ဆရာမလေးပေါ့နောက်ဆိုရင် ငါလေးရဲ့ရူပဗေဒရမှတ်တွေက သူ့အပေါ်မှာ မူတည်နေတော့မှာလေ"

စာလုပ်ဖို့ သက်သက်ပဲလား။

ချင်မော့သည် ထိုမေးခွန်းကို မေးချင်သော်ငြား ယင်းက အတိုင်းအတာတစ်ခုအထိ ဖြစ်သွားသည်ဟု ခံစားလိုက်ရတာကြောင့် မမေးဖြစ်ခဲ့ပေ။ ထို့နောက် ချင်မော့သည် လှည့်လိုက်ပြီးတော့ ထိုဖြူဥနေသည့် မျက်နှာချောချောလေးကို ကြည့်လိုက်ကာ ထူးမခြားနား လေသံဖြင့် ပြောလိုက်သည်။

"မင်းရဲ့ သင်ခန်းစာတွေအတွက်နဲ့ မိန်းကလေးတွေကို မနှောင့်ယှက်သင့်ဘူးလေ အထူးသဖြင့် မိန်းကလေးရွယ်ကိုပေါ့ တစ်နေကုန် သူ့အလုပ်နဲ့သူ ရှုပ်နေမှာလေ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now