အပိုင်း (၁၅၈) အသင်းဖွဲ့ပြီးပြီ

958 117 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၁၅၈) အသင်းဖွဲ့ပြီးပြီ

ရွှယ်ယောင်ယောင်သည် အော်ရယ်ရန် မရည်ရွယ်ထားသော်လည်း ဖုန်းရှန်း ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် သူမသည် မနေနိုင်တော့ဘဲ အော်ရယ်ကာ ပြောလိုက်လေသည်။

“ ကောင်းပြီ”

ဖုန်းရှန်းသည် ထိုမိန်းခလေးမှာ သူ့အိုင်ဒေါ ခေါ်လာသည့်သူ ဖြစ်သဖြင့် အလွယ်တကူ ခင်မင်သွားလိမ့်မည်ဟု တွေးလိုက်၏။

ဒါသည် ရွှယ်ယောင်ယောင် အတွက်လည်း သူမကို ဝသည်ဟု မထင်သည့် ယောက်ျားလေးတစ်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်၏။ သူမသည် သူ၏ ကြင်နာတတ်သည့်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့သည် ချက်ချင်း ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်၏။

“ ငါက ဂိမ်းကစားတာ မတော်ဘူးနော် ဒါကြောင့် နောက်ကျရင် ငါ့ကို သင်ပေးပါအုံး”

ဖုန်းရှန်းက ပြောလိုက်၏။

“ မ-မ-မပူပါနဲ့၊ ငါတို့တွေ အောင်မြင်ဖို့ဆို င-င-ငွေသုံးလို့ရပါတယ်”

“ ငါ ဒီမှာရှိနေတာ ဘာလို့ မအောင်မြင်ရမှာလဲ”

ဖူကျို့က ထရပ်လိုက်၏။ သူမသည် ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကို ငုံထားဆဲ။ သူမ၏နှုတ်ခမ်းသည် ကွေးနေကာ သူမ၏ညာလက်သည် ဆန့်ထုတ်ကာ လက်သီးဆုတ်ထားလေသည်။

“ ဇုန်စီကို သွားချကြမယ်”

သူတို့၏ရှေ့မှ လက်သီးကိုကြည့်ပြီး ရွှယ်ယောင်ယောင်နှင့် ဖုန်းရှန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏လက်မောင်းများကို ဆန့်ထုတ်ကာ လက်သီးချင်း ထိလိုက်ကြလေသည်။

မကြာမီ ဂိမ်းလူရွေးပွဲတွင် အပြိုင်ကျဲတော့မည့် သာမညအဖွဲ့တစ်ခုသည် သည်လိုနှင့် ပေါ်ပေါက်လာလေတော့သည်။

သူတို့သုံးယောက်သည် တန်းစီထိုင်လိုက်ကြ၏။ သူတို့အားလုံးသည် အနက်ရောင်နားကြပ်ကို တပ်ထားပြီး ဖူကျို့၏နည်းစနစ်များသည် သူတို့သုံးယောက်ထဲတွင် အထက်မြက်ဆုံးဖြစ်သည်မှာ အသေအချာပင်။ သူမသည် လော့အင် ဝင်ပြီးသည်နှင့်တပြိုင်နက် တစ်ချက်တည်းနှင့် မစ်ရှင်တစ်ခုကို ဆောင်ရွက်ပြီးဖြစ်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now