အပိုင်း (၁၀၇) အရှင်ကျို့က ကြီးမြတ်လှတဲ့သခင်လေးချင်ကို ကျီစယ်ပြန်

1.3K 143 2
                                    

အပိုင်း (၁၀၇) အရှင်ကျို့က ကြီးမြတ်လှတဲ့သခင်လေးချင်ကို ကျီစယ်ပြန်

"အိုး မှားသွားတာလား"

ချင်မော့သည် မျက်ခုံးပင့်လိုက်ပြီးတော့ ထိုလူငယ်ကို ကြည့်လိုက်သည်။ ထိုလူငယ်၏ မျက်နှာက  အရမ်းကို ဉာဏ်နီဉာဏ်နက်များပုံ ပေါက်နေတာကြောင့် ချင်မော့က သူ့လက်ချောင်းကို ထုတ်လိုက်ပြီး ထိုလူငယ်၏ ညာဘက်လက်ကို ထိလိုက်သည်။

"မင်းရဲ့ ဒီညာဘက်လက်ကြီးနဲ့ ဒီကောင်မလေးရဲ့ ဆံပင်ကိုတောင်မှ သပ်ပေးခဲ့သေးတာလေ"

ဖူကျို့က သူမ၏ ဆံပင်မှ မိုးရေစက်တွေ မျက်နှာဆီသို့ တစက်စက်ကျဆင်းနေတာတောင်မှ ပြုံးနေဆဲပင်။

"ဒီဟာက အီစီကလီတာ မဟုတ်ဘူးလေဟာ"

ချင်မော့သည် ဖူကျို့၏ ပုံစံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယာဉ်မောင်းအား ထီးတစ်ချောင်း သွားယူလာခဲ့ရန်ပြောလိုက်လေသည်။ ထို့နောက် ချင်မော့သည် ထီးအား ဖူကျို့ခေါင်းပေါ်၌ မိုးပေးလိုက်ကာ သူတို့နှစ်ယောက်ပတ်ဝန်းကျင်က အော်ဟစ်သံတွေ ပိုပိုပြီးဆူညံလာတာကို လျစ်လျူရှု ထားပေ၏။ ချင်မော့က မထူးခြားသည့် လေသံဖြင့် အမိန့်ပေးလေသည်။

"ကားထဲကို အရင်ဝင်"

ဖူကျို့က ချင်မော့ စိတ်မဆိုးတော့ဘူးဆိုတာကို သိလေသည်။ သူမက ရွယ်ယောင်ယောင်ဘက်သို့ လှည့်လိုက်ကာ ကားတံခါးကို ဖွင့်လိုက်ပြီးတော့ အထဲသို့ဝင်ရန် အချက်ပြလိုက်ပေ၏။

ချင်မော့သည် ဖူကျို့၏ ဘေးဘက်မှနေ၍ မျက်မှောင်ကြုံလိုက်ကာ

"သူက မင်းခေါ်လာချင်တဲ့သူလား"

"အင်း ဟုတ်တယ်"

ဖူကျို့က ရွယ်ယောင်ယောင်၏ နောက်ကျောကို တွန်းလွှတ်ကာ ကားဆီသို့ အတင်းဝင်ခိုင်းလေသည်။

ရွယ်ယောင်ယောင်က အကြီးအကျယ် စိတ်ဖိစီးနေပေတော့သည်။

အရှင်ကျို့က ငါ့ကို ကြီးမြတ်လှတဲ့ သခင်လေးချင်နဲ့ တင်းနစ်ကစားမယ်လို့ ဘယ်တုန်းကမှ မပြောဘူးလေဟာ။

ပြီးတော့ ကြီးမြတ်လှတဲ့ သခင်လေးချင်က ဘာလို့ငါ့ကို အေးစက်စက်ကြီးစိုက်ကြည့်နေတာတုံး။ ငါ ဘာဆို ဘာမှမလုပ်ရသေးဘူးလေဟ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now