အခန်း (၄၀)

1.7K 219 3
                                    

ဘာသာပြန်သူ- Erata Team

အပိုင်း (၄၀)ချင်မော့က ဖူကျို့ကို ထမင်းစားဖို့ခေါ်သွားတယ်

ဖူကျို့က ချင်မော့သည် သူမအတွက် ကူပြောပေးသည်ဟု ခံစားလိုက်ရတော့ သူမဟာ သူ့အား ချီးကျူးချင်စိတ်ပေါက်လာတော့သည်။

သို့သော် သူမ ထိုသို့ မလုပ်နိုင်ခင် ကြီးမြတ်သည့်သခင်လေးချင်က သူ့ပါးစပ်ကို ထပ်ဟလိုက်ပေသည်။ ချင်မော့က ဖြည်းဖြည်းချင်းဖြင့် သူမ ရင်မဆိုင်ချင်သည့် အတိတ်မည်းကြီးဘက်ကို စကားစလိုက်ကာ

"အဟမ်း ငါက ယောက်ျားလေးတွေကိုမကြိုက်ဘူး အထူးသဖြင့် ယောက်ျားတစ်ယောက်အပေါ်မှာ မှီခိုတတ်တဲ့သူမျိုးပေါ့"
ဖူကျို့:". ...."

ဒီလိုကြမ်းတမ်းတဲ့ပါးစပ်ကြီးနဲ့ ဘယ်လိုချီးကျူးမှုနဲ့မှ မထိုက်တန်ဘူး ဂါးးးးးးးး။
COCO က ဒီတစ်ကြိမ်၌ အကျယ်ကြီး ထရယ်လိုက်ပေသည်။ သူက တကယ်ကို သိချင်စိတ် ပြင်းပြနေပြီးတော့ ယုန်အရုပ်လေးကို ပိုက်ကာ ဖူကျို့အား မေးလိုက်လေသည်။

" မင်းဘယ်လိုလုပ် "Spade Z" ဖြစ်လာတာလဲ ငါတို့အစ်ကိုကြီးမင်းကို ဂိမ်းမှာ add တုန်းက မင်းအရမ်းကို မာနကြီးတာပဲ။ မင်းက ငါတို့အစ်ကိုကြီးကို အကြိုက်ဆုံးလေ မဟုတ်ဘူးလား"
ထိုအရာကို ကြားပြီးသည်နှင့် ဖူကျို့က သက်ပြင်းအရှည်ကြီးကို ချလိုက်လေသည်။

" လူတွေက ငယ်ရွယ်နေတုန်းနဲ့ အပူအပင်တွေမရှိတဲ့အချိန်မှာ ပြောတိုင်းယုံတတ်တာသဘာဝလေ "
"ဒီလိုဆိုရင်မင်းက ငါတို့အစ်ကိုကြီးကို ထပ်မကြိုက်တော့ဘူးပေါ့ ဟုတ်လား "
ဖက်တီးက ဖူကျို့ကို ထိုသို့ မေးလိုက်မိသည်။

မဂ္ဂဇင်းပေါ်က ချင်မော့လက်သည် ရပ်သွားလေသည်။
COCO က ချင်မော့၏ အေးစက်စက်အကြည့်များကို မြင်လိုက်သည်နှင့် ဖက်တီးကို ဆွဲဆောင့်လေတော့သည်။

ဘယ်လိုတောင် အရိပ်အကဲမသိတတ်လိုက်တဲ့ ကောင်စုတ်လဲ။
ချင်မော့က ကားအတွင်းမှ တိတ်ဆိတ်နေမှုကို သတိထားမိသွားပြီးနောက် ဖူကျို့ကို မသိမသာ ခိုးကြည့်လိုက်လေသည်။ သူ့အသံဟာ မတားဆီးနိုင်သည့် အေးစက်မှုတွေပါဝင်နေပြီးတော့
" မောင်းတော့ "

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now