အပိုင်း (၁၄၀) တစ်စုံတစ်ယောက်က ငါတို့ရဲ့ကြီးမြတ်လှတဲ့သခင်လေးချင်ကို အထင်သေးနေတာလာ

1.1K 93 0
                                    

အပိုင်း (၁၄၀) တစ်စုံတစ်ယောက်က ငါတို့ရဲ့ကြီးမြတ်လှတဲ့သခင်လေးချင်ကို အထင်သေးနေတာလား

ဖုန်းရှန်းဟာ "Spade Z”ဆိုသည့် နာမည်ကိုမြင်တဲ့အကြိမ်တိုင်း အလွန်အမင်း စိတ်လှုပ်ရှားကာ အမြဲလိုက်ကပ်လေ့ရှိသည်။

သို့သော် ယနေ့တော့ ဂိမ်းထဲလော့အင် ဝင်ပြီးသည်နှင့် ဖုန်းရှန်းဟာ အရင်လို လိုက်မတွယ်ကပ်တော့ဘဲ “Spade Z”ဆိုသည့် နာမည်ကို ပတ်ရှောင်နေတော့၏။

ဖြစ်နိုင်တာက ကျောင်းသားဖုန်းဟာ ကြီးမြတ်လှသည့်သခင်လေးချင်၏ ဇာတ်ကောင်ကို မြင်လိုက်တာကြောင့် ဖြစ်ပေလိမ့်မည်။ အခုတော့ ဖုန်းရှန်းဟာ ရှေးခေတ်အဝတ်အစားအသွင်အပြင်နဲ့ အလွန်အမင်း ဈေးကြီးသည့် အမွေးဖွားကုတ်ကြီးကို ဝတ်ထားသော ထိုကြီးမြတ်လှသည့်သခင်လေးချင်၏ ဂိမ်းဇာတ်ကောင်ကို တကယ့် ချင်မော့အစစ်လို ဆက်ဆံနေရပေသည်။ ဂိမ်း ဇာတ်ကောင်မျှသာဖြစ်ပေမဲ့ ချင်မော့၏ ဂိမ်းဇာတ်ကောင်ဟာ အေးခဲသွားစေနိုင်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်နှင့်တူသည်။ အရပ်မြင့်ပြီး ချောမောလှသော ဂိမ်းဇာတ်ကောင်လေးဟာ သူ့ဘေးပတ်ပတ်လည်မှ အရာအားလုံးအား အေးခဲသွားအောင် စွမ်းဆောင်နိုင်စွမ်းရှိသကဲ့သို့ပင်။

ကျောင်းသားဖုန်းဟာ တံထွေးကို ခက်ခက်ခဲခဲမျိုချလိုက်ပြီးတော့ ဖူကျို့ဆီသို့ တိုးသွားလိုက်သည်။

အခု game questကို စလုပ်တော့မည့် အသင်းတစ်ခုလုံးက ကြီးမြတ်လှသောသခင်လေးချင်ကိုယ်တိုင် သူတို့၏ ဖိတ်ခေါ်ချက်ကို လက်ခံပြီး သူ့အသင်းသားအသစ်များကိုပါ ခေါ်လာသည်ကို မယုံနိုင်ဖြစ်နေပေ၏။

Spade Zကတော့ သူတို့နှင့် မစိမ်းပေမဲ့ "ပါးရိုက်ပြီးမင်းကိုဆုချမယ်" ဆိုတဲ့ အကောင့်ပိုင်ရှင်ကတော့ သူတို့တစ်သင်းလုံးကို အံ့အားသင့်စေခဲ့သည်။ ဘာလို့ဆိုတော့ ဒီလူဟာ ဂိမ်းထဲမှာ ငွေအများကြီးသုံးနိုင်တဲ့ နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်တာကြောင့်ပဲ။

ဒီအချိန်မှာတော့ တာဝန်လုပ်တော့မည့် အသင်းတစ်သင်းလုံးဟာ ထိုနာမည်ကြီးသုံးယောက်ဘေးကနေ အသေအလဲ ထွက်ပြေးချင်စိတ် ပေါက်နေပေတော့၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now