အပိုင်း (၁၈၀) သခင်ကျို့ကို ဝိုင်းထားကြတာလား

819 86 0
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၁၈၀) သခင်ကျို့ကို ဝိုင်းထားကြတာလား

ရူပဗေဒဘာသာရပ်အတန်းသည် ဖူကျိ့ကို အလွန်တရာညှဉ်းပမ်းနှိပ်စက်နေလေသည်။ သူမသည် တစ်ရှူးစကို အလွှာထူထူလေးလုပ်ပြီး ခံထားသော်လည်း စိုထိုင်းမှုခံစားချက်မှာ အလွန်သိသာနေသည်။

သူမသည် ရူပဗေဒဆရာမ သင်နေသော မှတ်စုများကို လိုက်ချရေးနေသေးသည်။ အနည်းဆုံးတော့ သူမသည် အကြမ်းဖျင်းအချက်တွေကို လိုက်မှတ်ရမည်။ သို့မှသာ ထိုနတ်ဘုရားက သူမအတွက် စာမေးပွဲမေးခွန်းများကို ပိုအဆင်ပြေအောင် ခန့်မှန်းပေးနိုင်လိမ့်မည်။

အတန်းပြီးခါနီးအချိန် ရောက်လာသည်နှင့် ဖူကျို့၏ဗိုက်မှာလဲ ဆိုးဆိုးဝါးဝါး နာကျင်လာတော့သည်။ သူမသည် ခေါင်းကို စားပွဲပေါ်တွင် ပြန်မှောက်၍သာ ထားလိုက်တော့သည်။

သူမသည် မူးဝေကာ ပြန်အိပ်ပျော်သွားတော့သည်။

ရူပဗေဒဆရာမသည်လည်း သူမကို မနှိုးပေ။

သူမသည် နေ့လယ်စာနားချိန်အထိ သည်အနေအထားအတိုင်း ရှိနေလေသည်။

ရွှယ်ယောင်ယောင်သည် လူငယ်လေးကိုကြည့်လိုက်ပြီးနောက်  ကျောင်းလွယ်အိတ်ထဲမှာ ပိုက်ဆံတချို့ ထုတ်လိုက်သည်။ သူမသည် ဖူကျို့အတွက် ဗိုက်အောင့်ပျောက်ဆေးနှင့် နေ့လယ်စာအတွက် ဖူကျို့စားနိုင်မည့် ပူပူနွေးနွေးတစ်ခုခုကို ဝယ်ပေးရန် လှေကားထက်မှ ပြေးဆင်းသွားသည်။

ဖူကျို့ကို စောင့်ကြည့်နေသေးသော မိန်းကလေးတချို့ရှိနေသည်။ လူငယ်လေး အိပ်ပျော်သွားသည် သေချာတော့မှ စိုးရိမ်ကင်းစွာ ထွက်လာကြသည်။

နေ့လယ်စာစားချိန်တွင် သူမ စားဖို့လိုသေးသည်။

နေ့လယ်အတန်းချိန် ပြန်စရန် နှစ်နာရီလိုသေးသည်။ အတန်းထဲမှ ကျောင်းသားအများစုမှာ ကန်တင်းသို့ သွားကြသည်။

စာမေးပွဲအဖြေလွှာထဲတွင်ခေါင်းထိုး၍ စာအလွန်ကြိုးစားနေသည့်ကျောင်းသား နှစ်ယောက် သုံးယောက်သာ အခန်းထဲတွင် ကျန်တော့သည်။ လပတ်စာမေးပွဲလာတော့မည်ဖြစ်ရာ လေ့ကျင့်ခန်းပုစ္ဆာတစ်ပုဒ် ဖြေရှင်းနိုင်လျှင် စာမေးပွဲကြီးအတွက် အမှတ်ထပ်ရသောကြောင့် အချိန်သက်သာရန် သူတို့၏အတန်းဖော်များကို မုန့်ယူလာခိုင်းကြသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now