အခန်း (၃၆)

1.7K 203 4
                                    

ဘာသာပြန်သူ- JustCBond

အပိုင်း(၃၆) သခင်လေးဘယ်သွားမလို့လဲ။ ဖူကျို့ : ချင်မော့ နဲ့သွားတွေ့မလို့

အင်္ဂလိပ်ဆရာက လက်ခုပ်တီးကာ ချီးကျူးပြီး ပြိုင်ဘက်မရှိသည့် ဖူကျို့ကို ချီးကျူးစကားများ၊ အသိအမှတ်ပြုသည့် စကားများကို ပြောခဲ့လေသည်။ ထို့နောက် သူက ကျောင်းသားများကိုလည်း ဖူကျို့ဆီမှ သင်ယူကြရန် တိုက်တွန်းခဲ့ပေသည်။

ကျန်းဖေးရန်၏ မျက်လုံးသည် ပြူးကျယ်လာတော့သည်။
သူ အစက တွေးထားတာက ဒီကောင်စုတ်လေးကို ဟားတိုက်ပြီး စနောက်မယ်လို့ပေါ့။

ဘယ်သူထင်မှာလဲ။ ဒီအမှိုက်ကောင်လေးက ဒီလောက်အစွမ်း ထက်နေမယ်လို့။
ဖူကျို့က ထိုင်ချလိုက်ပြီးတော့ သူမ မျက်လုံးထောင့်ကတစ်ဆင့် ကျန်းဖေးရန်အား တစ်ချက်ကြည့်လိုက် လေသည်။ ထို့နောက် သူမ၏ နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားပေတော့သည်။

ထိုသို့ ဟားတိုက်မည့်အသွင်နှင့် ဖူကျို့ကိုကြည့်နေခဲ့သည့်သူက အခုတော့ စားမဲ့အစာ မမျိုချရခင်လေး ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။

သူ ဘာလို့ ဒီလိုထင်မိတာလဲ ဆိုသည်ကို မသိပေမဲ့ အခုလက်ရှိတော့ ဖူကျို့က အလွန်ကြည့်ကောင်းပြီး ခံ့ညားနေသည်ကတော့ အမှန်ပဲဆိုတာကို သူ ဝန်ခံရပေမည်။

ငါ ရူးများသွားပြီလား။ ကျန်းဖေးရန် စိတ်ထိန်းစမ်း၊ စိတ်ထိန်း။
"ကောင်းပြီ ကလေးတို့ဒီနေ့အတွက်တော့ ဒီလောက်ပဲ အတန်းပြီးပြီ"
အင်္ဂလိပ်ဆရာဆီက ဒီစကားကြားလိုက်သည်နှင့် ကျောင်းသား အကုန်လုံးက အတန်းမှ အလျင်အမြန် ပြေးထွက်သွားကြလေတော့သည်။

ဖူကျို့က သူမ၏ လွယ်အိတ်ကို ယူလိုက်ပြီး နောက်ကျောပေါ်၌ လွယ်လိုက်သည်။ စကိတ်ဘုတ်ကို လက်မောင်းအောက်၌ ညှပ်ထားပြီး လူအုပ်ကို ဖြတ်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်လာလေသည်။

ကျောင်း၏အရှေ့၌ ချန်ရှောင်တုံးက ဖူကျို့အား စောင့်နေလေသည်။
"သခင်လေးဘယ်သွားမလို့လဲ ကျွန်တော့်ကိုစောင့်အုံး"
ဖူကျို့က ခဏ ရပ်လိုက်သည်။ သူမကို ကြည့်နေသည့် မိန်းကလေးအများစုက ရှက်သွေးဖြာသွားကြပြီး သူတို့လည်းပဲ ခဏလောက် ရပ်လိုက်ကြလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now