အခန်း (၁၀)

1.7K 202 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း(၁၀) ဖူကျို့နဲ့ချင်မော့ တရားဝင်တွေ့ဆုံခြင်း (၃)

ထိုနေရာ၌ ဘောပင်တစ်ချောင်းကလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။ အင်္ဂလိပ်စာဆရာမက ကျန်းဖေးရန်၏ အရူးလုပ်ခြင်း ခံလိုက်ရသောကြောင့် မျက်ထောင့်နီဖြင့် စိုက်ကြည့်နေ‌သည်။

ဖူကျို့က သူမ၏ ရုပ်ချောမှုကို ကာဗာယူကာ သနားစဖွယ်ပုံလေး ဖမ်းထားတာကြောင့် အင်္ဂလိပ်စာဆရာမ၏ နှလုံးသားလေး အရည်ပျော်သွားပြီး ရှိရှိသမျှဒေါသတို့က သကောင့်သား ကျန်းဖေးရန်ဆီ မြားဦးလှည့်သွားတာ့သည်။

"ဟမ် မင်းက အတန်းကို နှောင့်ယှက်ရုံတင်အားမရလို့ အခြားသူကိုပါ မင်းအစား အပြစ်‌ ပေးခံရအောင် ချောက်က ချချင်သေးတယ်ပေါ့လေ ဟုတ်လား ခုချက်ချင်း အတန်းထဲက ထွက်သွားစမ်း"

ကျန်းဖေးရန်က သူ ဘာလို့ ထိုကဲ့သို့အဆုံးသတ်သွားရတာလည်းဆိုတာကို နားမလည်နိုင်တော့။

ဒီအကောင် ဂိမ်းကစားနေတာလေ၊ ဘာလို့ ရုတ်တရက်ကြီး အမူအရာတွေက ပြောင်းသွားရတာလဲ၊ ပြီးတော့ ခုနက သခင်လေးချင်ရဲ့ ဂိမ်းထဲက နာမည်ဆိုတာ လုံးဝကို အသေအချာပါပဲ၊ ဒါမှမဟုတ် သူပဲ အမြင်မှားသွားတာများလား။

သူမကို နှောင့်ယှက်သည့်သူကို ရုံးခန်းရောက်အောင် ပို့ပစ်ပြီးနောက်မှာတော့ ဖူကျို့က tabletကို နောက်တစ်ကြိမ် ထပ်ထုတ်လိုက်သည်။ အခန်းထဲက ဆူညံသံတွေကြောင့် ဖူကျို့က Friend Requestကို မတော်တဆ လက်ခံမိသွားသည်။

ဖူကျို့က ချက်ချင်းပဲ ဒီလူကို သူမ၏ friend list က ထုတ်လိုက်ပြီး‌နောက် တစ်စုံတစ်ခုကို ခံစားမိသွားသလိုမျိုး ဖြစ်သွားသောကြာင့် သူမ၏မျက်လုံးအိမ်က ကျဉ်းမြောင်းသွားမိသည်။ သူမ၏ နှုတ်ခမ်းဖျားထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာပြီးနောက် အစောပိုင်း၌ မျက်မှောင်ကြုံ့နေသည့်လူက ဘာမှမဖြစ်ခဲ့သည့်လူတစ်ယောက်လို ဖြစ်သွားသည်။

"ငါလေးကို နောက်ယောင်ခံအမဲလိုက်ဖို့ကြိုးစားမဲ့သူ တစ်နေ့ ရှိလာမယ်လို့ မထင်ထားခဲ့ဘူး၊ စိတ်ဝင်စားစရာပဲ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now