အပိုင်း (၁၀၉) သွယ်ဝိုက်အနမ်း

1.3K 134 2
                                    

အပိုင်း (၁၀၉) သွယ်ဝိုက်အနမ်း

ဖူကျို့က သူမနာမည်ကို ကြားလိုက်သည်နှင့် ခေါင်းထောင်ကာ ကြည့်လိုက်သည်။ သူမ၏ ငွေရောင်ဆံပင်များက ကြောင်နားရွက်လေးတွေလိုပဲ ရှုပ်ပွကာ ချစ်ဖို့ကောင်းနေဆဲပင်။

ယာဉ်မောင်းဟာ ချင်မော့ပြောတာကို ကြားလိုက်ရသည်နှင့် ချက်ချင်း တောင့်ခဲသွားပေတော့သည်။ သူ့နားရွက်တွေများ ပြဿနာတစ်ခုခု ရှိနေတာလားလို့ပင် သူ့ကိုယ်သူမေးခွန်းထုတ်မိမတတ် ဖြစ်သွားပေတော့၏။

ငါတို့ရဲ့ သခင်လေးကလေ ဒီဇီဇာကြောင်လွန်းတဲ့သခင်လေးကလေ လူတိုင်းကိုပိုးမွှားတွေလို ခပ်ဝေးဝေးကနေပဲ ဆက်ဆံတတ်တာ မဟုတ်ဘူးလား။ အခု..သူ..သူက အခြားလူတစ်ယောက်နဲ့ ကော်ဖီတူတူ သောက်မယ်လို့ ပြောနေတာလားဟမ်။

တကယ်လို့ သခင်ကြီးနဲ့သခင်မကြီးသာ သိသွားခဲ့ရင် အကြိမ်ပေါင်းများစွာရှော့ခ်ရပြီး သခင်လေးကို စိုက်ကြည့်တော့မှာပဲ။

ဒီဟာ...ဒီဟာက သခင်လေးစတိုင် မဟုတ်ဘူးလေဗျာ။

ဖူကျို့က မျက်ခုံးပင့်လိုက်ပြီးတော့ သူမ၏ နှုတ်ခမ်းများကို မသိမသာ ကွေးညွတ်လိုက်ကာ ပြုံးလိုက်ပေ၏။

"အစ်ကိုမော့ နင်လည်း သောက်ချင်လို့လား ငါလေး လေတဖူးဖူးမှုတ်ထားတော့ သိပ်မပူလောက်တော့ဘူး.."

ဒီ...ဒီလူငယ်ကတော့..။

ယာဉ်မောင်းက သူ့ဦးခေါင်းပေါက်ထွက်တော့မည်ဟု ခံစားနေရပေ၏။

သာမန်လူတွေဆို ဒီ..ဒီလိုဖြေမှာမဟုတ်ဘူးကွ!!!

ချင်မော့သည် ဘာမှမပြောပေ။ သူက ဖူကျို့လက်ကို ထိလိုက်ပြီးတော့ ကော်ဖီခွက်ကို ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ့နှုတ်ခမ်းကို ခွက်နှုတ်ခမ်းသို့ ထိကပ်လိုက်ကာ ကော်ဖီသောက်လိုက်ပေသည်။ ချင်မော့၏ ခံစားချက်ကင်းမဲ့ပြီး ခံ့ညားသည့် မျက်နှာက ထိုမှုန်ဝါးနေသည့် အငွေ့တထောင်းထောင်း ကော်ဖီငွေ့ကြား၌ အလွန်အမင်း ကြည့်လို့ကောင်းနေပေ၏။ အထူးသဖြင့် ထိုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အချိန်တွင်ဖြစ်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now