အပိုင်း (၁၂၀) ချင်မော့ : ငါနဲ့အတူတူအိမ်ပြန်ကြမယ်

1.3K 148 0
                                    

အပိုင်း (၁၂၀) ချင်မော့ : ငါနဲ့အတူတူအိမ်ပြန်ကြမယ်

တင်းနစ်ပြိုင်ပွဲက မှောင်သည်အထိ မပြီးသေးပေ။

စီအီးအိုတစ်ယောက် ဖြစ်သည့်အပြင် ထိပ်ခေါင်အသင်း၏ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် ချင်မော့သည် ဖုန်းတစ်လုံးဖြင့် အမြဲအလုပ်များနေလျက် ရှိပေသည်။ အခုလည်း ဒီလိုပင်။

ထိုနတ်ဘုရားချင်က ဖူကျို့ကို အာရုံစိုက်ရန် အချိန်မရှိတာကြောင့် ဖူကျို့သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အဝတ်လဲခန်း၌ သူမအဝတ်အစားများကို အလျင်အမြန် လဲလိုက်ပေသည်။ သူမ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ထားလျက် ဖုန်းပြောနေသည့်ချင်မော့ကို စပ်ဖြဲဖြဲပြုံးပြကာ အဝတ်လဲခန်းကနေ သူမ အရင်သွားနှင့်မည်ဖြစ်ကြောင်း အမူအရာ ပြလိုက်ပေ၏။

ဖူကျို့၏ အီစီကလီလုပ်တတ်သောအကျင့်ကို စဉ်းစားမိသောအခါ ချင်မော့သည် ထိုလူငယ်လေးကို အရင်ထွက်သွားခွင့် မပြုချင်ပေ။ အကြောင်းမှာ အကယ်၍ ထိုကောင်လေးကိုသာ  သူ့အနားမှာ မခေါ်ထားလျှင် သေချာပေါက် ပြဿနာမီးခွက်ထွန်း ရှာပေလိမ့်မည်။

ဒါပေမဲ့ ဒီကောင်လေးဟာ ဆယ်ကျော်သက်အရွယ် နည်းနည်းပုန်ကန်ချင်တတ်တဲ့အရွယ်ဆိုတော့ အမြဲတမ်းစည်းကမ်းတင်းကျပ်နေတာက မသင့်တော်ဘူးဆိုတာကို တွေးလိုက်မိလေတော့ ချင်မော့သည် သူ့ခေါင်းကို ညိတ်ပြလိုက်ပြီးတော့ သဘောတူလိုက်ပေသည်။ သို့သော် ဖူကျို့ကို သတိပေးသည့် အကြည့်တစ်ချက်တစ်ချက် ပစ်လွှတ်လိုက်ပေ၏။ ချင်မော့သည် ဒီကောင်လေးနည်းနည်းလောက်ပိုပြီး ဆင်ဆင်ခြင်ခြင်နေတတ်ပါစေဟု ဆုတောင်းနေမိသည်။

ဖုန်း၏ အခြားတစ်ဖက်ကလူဟာ သူတို့စီအီးအိုတစ်ယောက် ရုတ်တရက်ကြီးငြိမ်ကျသွားတာကြောင့် စိတ်ရှုပ်ထွေးသွားပေတော့၏။ သူ့အစီရင်ခံစာ၌ အမှားများပါသွားသလားဟု တွေးမိကာ တုန်လှုပ်နေသည့်အသံဖြင့် ပြောလိုက်သည်။

"စီအီးအိုချင်"

"ဆက်ပြော"

ချင်မော့သည် သူ့တင်းနစ်ရိုက်တံကို အောက်ချလိုက်ပြီးတော့ အဝတ်လဲခန်းဆီသို့ဝင်သွားလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Kde žijí příběhy. Začni objevovat