အခန်း (၄၃)

1.7K 203 3
                                    

ဘာသာပြန်သူ- Erata Team

အပိုင်း (၄၃)ဝမ်းတွင်းမည်းချင်မော့က သန့်စင်ခန်းအထိလိုက်လာတယ်

ချင်မော့ စကားများက အမိန့်ဖြစ်လေသည်။

မည်သူကမှ သူ့အမိန့်ကို မဆန့်ကျင်ရဲကြပေ။
ကျန်းမြို့ တစ်မြို့လုံး၌ ချင်မော့အမိန့်ကို အလွယ်တကူနာခံမည့်သူ သန်းပေါင်းများစွာ ရှိပေသည်။ ချင်မိသားစု၏လက်အောက်ခံ ဟိုတယ်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

မကြာခင်၌ စားပွဲထိုးက ဝါးခွက်ဖြင့် ထည့်ထားသောလတ်ဆတ်သည့် ကျောက်ပုစွန်နှစ်ကောင်ကို ယူဆောင်လာလေသည်။ တစ်ကောင်စီတိုင်းက ကြီးမားပြီး သူတို့လက်မများက လှုပ်ရှားနေဆဲ ဖြစ်လေသည်။

ဖူကျို့က ထိုမြင်ကွင်းကို ကြည့်နေပြီး ရုတ်တရက်ကြီး သူမ စားချင်စိတ် ပျောက်ဆုံးသွားပေတော့သည်။
သူမ ထိုအရာကို မျိုချရန် ခက်ခဲပေမည်ဟု စဉ်းစားမိသွားလေတော့သည်။
ဒီလူကတော့ ငါလေးကို ရည်ရွယ် ချက်ရှိရှိလုပ်တာပဲ ဖြစ်ရမယ်။

ဒီလို ဆိုရင်တောင် သူတို့က ကောင်းသောတွေ့ဆုံခြင်းတဲ့လား။
"စီအီးအိုချင်"
စားပွဲထိုး၏ လက်များက ကျောက်ပုစွန်ကို ရိုရိုကျိုးကျိုးဖြင့် တင်ထားလိုက်သည်။ သို့မှသာ သူတို့သူဌေး က ကျောက်ပုစွန်၏ အရည်အသွေးကို စစ်ဆေးနိုင်မှာဖြစ်သည်။

ချင်မော့၏ ရှည်လျားသွယ်လျသည့် လက်များက စီးကရက်ကို ကိုင်ထားဆဲဖြစ်သည်။ သူက ကျောက်ပုစွန်တွေကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး
"ဒီဟာကို မင်းတို့ရဲ့ သခင်ကျို့ဆီကို ပေးလိုက်"

မင်းတို့ရဲ့သခင်ကျို့...
ဖူကျို့က ကြီးမားသည့် ကျောက်ပုစွန် လက်မကို ယူလိုက်ပြီး အလုတ်ကြီးတစ်လုတ် ကိုက်လိုက်သည်။

ချင်မော့က ကျောက်ပုစွန်စားရာ၌ အနည်းငယ် မချင့်မရဲ ဖြစ်နေသည့် လူငယ်လေးကို ကြည့်လိုက်သည်။ အခြားလူများ၏ အံအားသင့်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ ချင်မော့က အနည်းငယ် ပွယောင်းနေသည့် ထိုလူငယ်၏ ငွေရောင်ဆံပင်‌လေးကို ခပ်ဖွဖွပုတ်လိုက်ပေသည်။
"ဖြည်းဖြည်းစား တကယ်လို့ မင်းထပ်စားချင်သေးရင် ငါတို့ထပ်မှာပေးလို့ရတယ်"
ထိုအရာကို ကြားပြီးသည်နှင့် ဖူကျို့က သူမ ပါးစပ်ကို သုတ်လိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ပွင့် ပေးလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now