အခန်း (၁၇)

1.6K 192 1
                                    

ဘာသာပြန်သူ JustCBond

အပိုင်း(၁၇) ဖူကျို့ မင်းနောင်တ မရတာကောင်းမယ်

အခုသူက သူမနဲ့ သားအဖ ဆက်ဆံရေးကို ပြတ်ဆဲနေတာလား။

ဖူကျို့ မျက်လုံးများက အေးစက်သွားပြီးတော့ ဖူကျုံးရီးကို စကားတစ်ခွန်းတည်းသာ ပြန်ပြောလိုက်လေသည်။

“သဘောအတိုင်းပဲ"

“ကောင်းပြီ"

ဖူကျုံးရီက အသက်ကို ခက်ခက်ခဲခဲရှူလိုက်ပြီးတော့ သူ၏ခေါင်းကို ဒါရိုက်တာဘက်ကိုလှည့်လိုက်ပြီး

“ခင်ဗျားကြားတယ်မလား အခုကစပြီး ကျွန်တော်သူ့ရဲ့ အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးစရာ မလိုတော့ဘူး၊ သူ့ကိုကျောင်းက ထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ အဲဒါက ကျွန်တော်နဲ့ မဆိုင်တော့ဘူး"

ချန်ရှောင်တုံးက ရောက်လျှင်ရောက်ချင်း ထိုစကားကို ကြားလိုက်ရလေသည်။ သူက ဖူကျို့ကို တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။

ဖူကျို့ကို ကြည့်ရသည်မှာ သာမန်ကိစ္စလို သဘောထားပြီးတော့ အသံနိမ့်လေးဖြင့်

“ဒီနေ့ရဲ့ ကိစ္စကို ခင်ဗျားနောင်တမရဖို့ မျှော်လင့်တယ်”

“ငါ့ဘဝမှာ နောင်တအရဆုံးက မင်းလိုမျိုး ကျက်သရေတုံးတဲ့ သားမျိုးရှိတာနဲ့ မင်းအမေကို လက်ထပ်ခဲ့မိတာပဲ"

ဖူကျုံးရီက  ထိုစကားများကို မှိုချိုးမျှစ်ချိုးပြောကာ ထွက်သွားလေသည်။ သူ၏ဒေါသကြောင့် သူ့မျက်နှာဟာ အနီရောင်ပြောင်းနေခဲ့ပြီးဖြစ်လေသည် ။

ကျောင်းဒါရိုက်တာက ထိုအခြေနေကို မြင်ပြီးသည်နှင့် ဖူကျို့ကို ဆက်ပြီး စကားပြောချင်စိတ် မရှိတော့ပေ။

“မင်းပစ္စည်းတွေ သွားသိမ်းတော့၊ မင်းရဲ့ အဆင့်လောက်နဲ့ စက်မှုလက်မှုကောလိပ်လောက်နဲ့ပဲ တန်တယ်၊ ငါတို့ကျောင်းက မင်းကိုကောင်းစေချင်တဲ့ စေတနာနဲ့ထုတ်လိုက်တာ၊ သွား သွား သွားတော့"

ထို့နောက် သူက  ဖူကျို့ကို အမှိုက်ပုံးသို့ အမှိုက်စတစ်စကို ခါချသလို လက်ဖြင့်ခါထုတ်လေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now