အပိုင်း (၁၄၃) ဖူရှီမင်က ပြောတယ် Spade Zကအလကားကောင်တဲ့

2.1K 124 0
                                        

အပိုင်း (၁၄၃) ဖူရှီမင်က ပြောတယ် Spade Zကအလကားကောင်တဲ့

ဆာဗာတစ်ခုလုံးဟာ ချက်ချင်း ဗလောင်ဆူသွားတော့သည်။ ဘာလို့လဲတော့ သူတို့အားလုံးဟာ ဇုန်စီ၌အလွန်အမင်းအားကောင်းသော အသင်းအနည်းငယ်သာရှိသည်ဆိုတာပင်။

တကယ်လို့ လူတွေသာ ဒီခက်ခဲနက်နဲတဲ့questတွေကိုကျော်ဖြတ်ချင်ရင် ဒီဇုန်စီမှ အသင်းခေါင်းဆောင်တွေရဲ့ စကားကို သေချာပေါက်လိုက်နာမှသာ ထိုသူတွေက သူတို့အား questကို ကျော်ဖြတ်ရင် ကူညီပေးလိမ့်မည်ဖြစ်သည်။

ဒါပေမဲ့ အခုတော့ အားကောင်းတဲ့အသင်းအားလုံးဟာ ရှောင်လျန်ယီကို အသင်းမှ ငြင်းပယ်ကြတော့တယ်။ သူမအား ထုတ်ပယ်ရသည့်အကြောင်းကို ရှင်းပြနေစရာ ထပ်မလိုတော့ပေ။ ဘာလို့လဲဆိုတော့ လူတိုင်းနီးပါး သူမကို ထုတ်ပယ်ကြသည့်အကြောင်းအရင်းအား သိနေကြသောကြောင့်ပင်။

သူတို့အားလုံး စတင်ပြီး သူမကို စတင်ဘလော့ကြတော့သည်။

ဘာတွေလဲ ဘာတွေဖြစ်နေကြတာလဲ သူတို့ တကယ်ကြီး ယောက်ျားတစ်ယောက်အတွက်နဲ့ ငါ့လို မိန်းမချောလေးကို ဖယ်ကြဉ်နေကြတာလား အခုလား။

သူမ အသင်းထဲမှ ကန်ထုတ်ခံရသည့်ကြေညာချက်ကို ကြည့်ရင်းဖြင့် ရှောင်လျန်ယီဟာ စိတ်တိုဒေါသထွက်လာပြီး ဘီလူးမသံပရာခြမ်းကိုက်သကဲ့သို့ ရွံဖွယ်ကောင်းလောက်အောင် ရုပ်ဆိုးလာပေတော့သည်။

ဂိမ်းဆော့နေတဲ့ ဖူရှီမင်ဟာ ဆူညံတဲ့အသံကြောင့် မျက်မှောင်ကြုတ်ကာ

"မမ နင်ဘာဖြစ်နေတာလဲ"

တကယ်တော့ ရှောင်လျန်ယီက အခြားသူမဟုတ်။ ဖူကျို့ရဲ့ဖအေတူမအေကွဲညီမ ဖူရွယ်အာပင်။ ဖူရှီမင်ရဲ့အစ်မအရင်းပေါ့။

ဖူရွယ်အာဟာ စိတ်ဆိုးနေဆဲဖြစ်ပြီး သူမရဲ့ရင်ဘတ်ဟာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်။ ရေအကြီးကြီးတစ်ငုံလောက် သောက်ပြီးနောက် အေးစက်စွာရယ်လိုက်ကာ

"သခင်လေးချင်ဆီက အထောက်အပံ့ကိုရတယ်ဆိုတာနဲ့ ဒီ"Spade Z”က သူ့ကိုယ်သူ ဘာကောင်လို့ ထင်နေလဲမသိဘူး ဒီဂိမ်းဆော့ဖို့ပဲသိတဲ့ ဂိမ်းရူးကောင်တွေကလည်း ဦးနှောက်ထဲမယ် ဟောင်းလောင်းပေါက်တွေပဲရှိတာလားမသိပါဘူး စဉ်းစားတတ်တဲ့ဉာဏ်ကိုမပါလာဘူး ငါ့လို အချောလေးကို ပလစ်ပြီး သူများဘလော့ဆိုဘလော့ အလကားချီးဦးနှောက်တွေ ဟား.. ဒီဟာက ငါ့တစ်သက်တာမယ် တွေ့ဖူးသမျှထဲ အရယ်ရဆုံးဟာသပဲ"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now