အခန်း (၇၀)

1.5K 191 6
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၇၀) စီအီးအိုချင်က ဖူကျို့ကို လာရှာပါသော်လည်း...

ချင်မော့ အသင်းရှိရာသို့ ဝင်လာသည်နှင့် သူ့ ခပ်တုံးတုံး မန်နေဂျာက တစ်စုံတစ်ယောက်ကို စောင့်နေသည်ကို မြင်လိုက်ရသည်။

ဖုန်းရီက တစ်စုံတစ်ယောက်ကို စောင့်နေသည်မှာ အမှန်ဖြစ်သော်လည်း ထိုလူက အရိပ်အယောင်ပင် မပေါ်လာပေ။ သူချင်မော့ကို မြင်လိုက်သည်နှင့်

" စီအီးအို ခင်ဗျားပြောတော့ ဒီနေ့ “ Spade Z” လာမှာဆို၊ လူက ဘယ်မှာလဲ ၊ ကျွန်တော် ဒီမှာ စောင့်နေတာ တော်တော်ကြာနေပြီဗျ၊ ကျွန်တော့်ကို အင်တာလာဗျူးကြမှာစိုးလို့ ဒီမှာ ရုပ်လေးဖျက်ပြီး စောင့်နေရတာဗျာ တော်တော်ပင်ပန်းတာပဲ၊ စီအီးအိုလည်း သိပါတယ် ကျွန်တော် တော်တော် နာမည်ကြီးတယ်ဆိုတာကိုလေ အဟမ်း"

ချင်မော့က ဖုန်းရီခေါင်းပေါ်မှ ဦးထုပ်ကို ကြည့်လိုက်ပြီး

" အိုး ရုတ်တရက် ကြည့်လိုက်ရင် ရူးပေါပေါ ငါးဖမ်းသမားနဲ့တူနေတာက မင်း တမင်သက်သက် ရုပ်ဖျက်ထားတာပေါ့"

ဖုန်းရီက အတွင်းရေးမှူးလျန်ဘက်ကို ကြည့်လိုက်ပြီး

" ငါ မချောဘူးလား"

အတွင်းရေးမှူးလျန်က မျက်တောင်ခတ်ပြလိုက်သည်။ ဖုန်ရီက သူ့သခင်လေး၏ လျှာစောင်းထက်မှုကို မယှဉ်နိုင်တော့သဖြင့် ဦးထုပ်ကို ချွတ်လိုက်ကာ

"ဟုတ်ပါပြီ ဒီလိုဆိုရင် "Spade Z” က ဘယ်မှာလဲ"

" အထဲမှာလေ"

ချင်မော့က ပြောရင်း လူတွေ့စစ်ဆေးသည့်နေရာသို့ လျှောက်သွားလိုက်သည်။

အသင်းရှိလူအားလုံးက ချင်မော့ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားကြသည်။

ကြီးမြတ်လှတဲ့ သခင်လေးချင်က တကယ်လာတာပဲဟ။ အမလေး ရင်တုန်လွန်းလို့ အပြင်မှာ ဗုံးပေါက်သလိုမျိုး ခံစားနေရပါပြီနော်။

အခန်း၌ ကစားသမားများ၏ တတိယအကြိမ်မြောက် လက်အမြန်နှုန်းကို စစ်ဆေးနေကြတာဖြစ်သည်။ ဒျိတစ်ကြိမ်တွင် သူတို့က Hero ဂိမ်းသို့ log in ဝင်လိုက်ကြပြီး အမြန်နှုန်းကို စမ်းသပ်ရန် သူတို့ ကိုယ်ပိုင် အကောင့်များဖြင့် ဘော့စ်များကို ရှင်းရမည်ဖြစ်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now