အပိုင်း (၁၁၀) လဲဖို့အချိန်ရောက်

1.3K 142 0
                                    

အပိုင်း (၁၁၀) လဲဖို့အချိန်ရောက်

ယင်းက ဖူကျို့အတွက် လုံးဝအဆင်မပြေပေ။ 

သူမ၏ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားရင်း ခဏရပ်သွားကာ ရွယ်ယောင်ယောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ရွယ်ယောင်ယောင်ကလည်း အဝတ်အစားမလဲချင်ပေ။ အဓိကအကြောင်းအရင်းကတော့ သူမ၏ ခန္ဓာကိုယ်ကြောင့်ဖြစ်သည်။ သူမကိုယ်သူမ ထိုအဝတ်အစားများနှင့် တော်မည်ဟု မထင်သောကြောင့် အဝတ်အစား မလဲချင်ရခြင်းဖြစ်သည်။

သို့သော် ရွယ်ယောင်ယောင်က ထိုမြောက်ပိုင်းစီရင်စုသုံးစု၌ "ချင်မော့"ဆိုသည့် နာမည်ကို လျှော့တွက်ထားဟန်တူသည်။ ကျန်းမြို့၏ မည်သည့်စက်ရုံမဆို ချင်ကုမ္ပဏီက လည်ပတ်နိုင်အောင် ထောက်ပံ့ထားခြင်းဖြစ်သည်။

ထိုကြောင့် ဒီနေရာ၌ သူတို့က အထူးပုဂ္ဂိုလ်တစ်ယောက်လို ဖူးဖူးမှုတ်ဆက်ဆံခံရလေ၏။

သူတို့၏ နံဘေးမှာရပ်နေသည့် ဧည့်ကြိုဟာလည်း အတော်အသင့်ကြည့်လို့ကောင်းလေသည်။ ထိုသူဟာ ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ရွယ်ယောင်ယောင်ကို ပြောလိုက်သည်။

"မမလေးရွယ် ကျွန်တော်တို့မှာ မမလေးအတွက်အားကစားဝတ်စုံအဆင်သင့်ပြင်ထားပြီးပါပြီဗျ ဒီဘက်ကိုကြွခဲ့ပါ"

ဧည့်ကြိုက ပြောပြီးသည်နှင့် တလေးတစားဖြင့် ဦးညွှတ်လိုက်ကာ ရွယ်ယောင်ယောင်နှင့်အတူ ထွက်သွားလေတော့၏။

ရွယ်ယောင်ယောင်အတွက် ဒီလိုနေရာကိုလာဖူးတာဟာ ပထမဆုံးအကြိမ်ဖြစ်လေတော့ တိတ်တိတ်လေးပဲနေကာ သူတို့ပြောသမျှကို နာခံနေပေတော့သည်။ ထိုကြောင့် သူမက ဖူကျို့ တစ်ခုခုဖြစ်နေတာကို သတိမထားမိခဲ့ပေ။

ဧည့်ကြိုနောက်တစ်ယောက်အပြင် ဖူကျို့နှင့် ချင်မော့သာလျှင် ထိုလှပစွာ တန်ဆာဆင်ထားသည့် ဟောခန်းကြီး၌ ကျန်ရှိနေပေတော့၏။

ယောကျာ်းလေးအဝတ်လဲခန်းကတော့ သူတို့၏ ဘက်ဘက်ကနေ လျှောက်သွားလိုက်လျှင် သိပ်တော့မဝေးပေ။

ဖူကျို့က ဆင်ခြေတစ်ခုခုပေးဖို့ ကြိုးစားနေစဉ် ချင်မော့ကတော့ ဖူကျို့၏လည်ပင်းပေါ်  သူ၏ လက်မောင်းကို သိုင်းဖက်လိုက်ပြီး အဝတ်လဲခန်းဆီသို့ ဆွဲခေါ်သွားနှင့်ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ချင်မော့သည် ဧည့်ကြို၏လက်အတွင်းမှ အားကစားဝတ်စုံကိုပါ တစ်ပါတည်း ယူလာခဲ့ပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now