အခန်း (၇၁)

1.5K 186 3
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း(၇၁) မင်းကများ သူ့ကိုနှင်ထုတ်ရဲတယ်ပေါ့

မန်နေဂျာလီက မည်သည့်အရာမှ မဖြစ်ခဲ့သလိုမျိုး ဆက်ဟန်ဆောင်နေသည်။ ထို့နောက် သူက သက်ပြင်းချကာ

"ဘာဖြစ်ရမှာလဲ အတွင်းရေးမှူးလျန်ရယ် နံပါတ် (၁၉)ကို ဒီလူတွေ့စစ်ဆေးမှုဆီလာဖို့ ဘယ်သူထောက်ခံပေးလိုက်မှန်းတော့ မသိပေမဲ့ သူက ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားတို့သိမှာ မဟုတ်ဘူး၊ သူက အတော်လေးကို ညံ့ပြီးတော့ စည်းမျဥ်းတွေကိုလည်း ချိုးဖောက်တယ်ဗျ၊ အဲဒါကြောင့် ကျွန်တော် နှင်ထုတ်လိုက်တာ"

အကြောင်းအရင်း မသိသော်ငြား ရုံးခန်းထဲ၌ ရှိသည့် လေထုအပူချိန်က တစ်စုံတစ်ယောက်သောသူကြောင့် ချက်ချင်း အနုတ်မှတ်ပြသွားလေတော့သည်။

အတွင်းရေးမှူးလျန်က သူ့စီအီးအိုကို လှည့်ကြည့်လိုက်သည်။

အလွန်အမင်း ချောမောခံ့ညားသည့် မျက်နှာက ယခုတော့ ရေခဲအလွှာကြီးနှင့် ဖုံးအုပ်ထားသလို အေးခဲတောင့်တင်းနေပေသည်။ စီအီးအို၏ ယခုပုံစံမျိုးကို သူ မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။

သူ့အသံက တိုးသော်လည်း အလွန်အမင်း ကြောက်စရာကောင်းနေပြီး စကားလုံး တစ်လုံးစီတိုင်းက လူတိုင်း၏နှလုံးသားကို အကြောက်တရားဖြင့် ဖုံးလွှမ်းစေနိုင်ပေသည်။

"မင်းပြောတာက သူ့ကို မင်း နှင်ထုတ်လိုက်တာလား"

"ဟုတ်ပါတယ် စီအီးအိုချင်"

မန်နေဂျာလီက ချင်မော့ကို ကပ်ဖားရပ်ဖားလုပ်ကာ ရယ်လိုက်ပေသည်။

"ဒီပရမ်းပတာနဲ့ အမှိုက်လိုကောင်က ဘယ်နေရာမှာမှ မကောင်းဘူးဗျ၊ စီအီးအို မရောက်လာခင်လေး ဒီကောင်ကို ကျွန်တော်နှင်ထုတ်လိုက်လို့ တော်သေးတယ်"

ချင်မော့က ရယ်လိုက်ပြီး မန်နေဂျာလီဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။ ထို့နောက် မန်နေဂျာလီ၏ ကော်လံကို ဆွဲကိုင်လိုက်သည်။ ချင်မော့၏ မျက်လုံးအကြည့်များက အေးစက်လွန်းသဖြင့် တစ်စုံတစ်ယောက်ကို သေစေနိုင်သည်အထိ ပြင်းထန်လွန်းလှပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now