အပိုင်း (၁၆၃) ငါ့ကို မင်းသခင်လေးရဲ့အခန်းကို ခေါ်သွား

1K 108 0
                                    

Zawgyi

ဘာသာပြန်သူ YuuKi


ည ၇နာရီ... ညအမှောင်သည် ကျရောက်လာတော့သည်။

မြောက်ပိုင်းတွင် အထူးမြူခိုးငွေ့များ စတင်ထွက်ပေါ်လာသည်။

ကျန်းတစ်မြို့လုံးသည် ယာဉ်ကြောများ ပိတ်ဆို့နေတော့သည်။

ဖူအိမ်တော်၏ဧည့်ခန်းတွင် ချင်မော့ဝင်လာသည်နှင့် ချန်ရှောင်တုံးသည် သူ့လက်ကို မည်သို့ထားရမည်မသိဖြစ်နေပြီး နောက်ဆုံးတွင် သစ်တုံးတစ်ခုကဲ့သို့ ရပ်နေလိုက်လေသည်။

“မင်းရဲ့သခင်လေး အခုထိ ပြန်မရောက်သေးဘူးလို့ ပြောလိုက်တာလား”

ချင်မော့သည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ပုံမှန်လေသံဖြင့် ပြောလိုက်၏။ သူသည် သူ့လက်အိတ်ကို ချွတ်လိုက်ရာ ခံ့ညားသည့် တော်ဝင်မိသားစုဝင်တစ်ယောက်နှင့် တူနေတော့သည်။

ချန်ရှောင်တုံးသည် သခင်လေးချင်က သူတို့နေရာသို့ နှစ်တစ်သန်းလျှင် တစ်ကြိမ်လောက် ရောက်လာလိမ့်မည်ဟု လုံးဝစိတ်မကူးခဲ့ဖူးချေ။ သူ့သခင်လေးသည် သူ့ကို ကျောင်းတွင် စိတ်ပျက်အောင် လုပ်ခဲ့လျှင်တောင်  သခင်လေးချင်သည် သူကိုယ်တိုင် သူ့ကို လာခေါ်လိမ့်မည် မဟုတ်ပေ။

ဒါပေမဲ့ တကယ်လို့ဒီလိုသာဆိုရင် ငါ အနည်းဆုံးတော့ သခင်လေးကို ကြိုအသိပေးရမယ်မလား။

“ဟုတ်လား”

ချင်မော့သည် ချန်ရှောင်တုံးဆီမှာ အဖြေပြန်မရသဖြင့် သူ့မျက်ခုံးကို ပင့်လိုက်လေသည်။

ချန်ရှောင်တုံးသည် သူ့ဦးခေါင်းခွံမှာ လုံးဝထုံထိုင်းသွားသည်ကိုသာ သိတော့သည်။

“ဟုတ်ပါတယ် သ...သခင်လေးက သူ့သူငယ်ချင်းအိမ်မှာ အိပ်မယ်လို့ မနေ့က ကျွန်တော့်ကို ပြောသွားတယ်၊ ဒါကြောင့် သူဒီမှာမရှိပါဘူး၊ သခင်လေး သူ့ကို နိုက်ကလပ်မှာ သွားရှာလို့ရမယ်ထင်ပါတယ်”

ဒီတော့ သူ့အကျင့်ဟောင်းတွေကို ပြန်လုပ်နေတာလား။ သခင်လေး အခုတလော ဘာတွေအလုပ်များနေလဲဆိုတာ လုံးဝကို မသိတော့ဘူး...

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now