အပိုင်း (၁၂၄) ငါလိုအစ်ကိုတစ်ယောက်ကို အမှတ်မရစေဖို့ ဘယ်သူလုပ်ရဲတာလဲ

1.2K 116 2
                                    

အပိုင်း (၁၂၄) ငါလိုအစ်ကိုတစ်ယောက်ကို အမှတ်မရစေဖို့ ဘယ်သူလုပ်ရဲတာလဲ

"ငါက မိန်းကလေးတွေကို ကြွေဆင်းအောင်လုပ်စရာမလိုဘူးလေ ဘာလို့လဲဆိုတော့ မိန်းကလေးတွေက ငါ့ကိုအလိုလို ကြွေဆင်းနေပြီးသားပဲကို "

ချင်မော့၏ အသံက နူးညံ့ပြီး သူ၏ ချောမောသောမျက်နှာက ဖူကျို့ဆီသို့ နီးကပ်လာလေသည်။ သူ့၏ ဝင်သက်ထွက်သက်အစုံဟာ ဖူကျို့၏ နှုတ်ခမ်းကို လာရောက်ရိုက်ခတ်နေပေသည်။

"မင်းဘာပဲပြောပြော ငါဂရုမစိုက်ဘူး လိမ်လိမ်မာမာလေးနေ ပြောစကားလေးနားထောင် မင်းလည်ပင်းကို ညှစ်ချင်လာအောင်မလုပ်နဲ့ ဒီဟာတွေက မင်းလုပ်သင့်တဲ့အရာတွေပဲ နားလည်လား!"

ထိုသို့ ပြောပြီးသည်နှင့် ချင်မော့သည် ဖူကျို့ကို  လွှတ်ပေးလိုက်လေသည်။ သူ့နောက်ကျောကိုကြည့်လိုက်ကာ ထိုရှည်လျားသည့်ပုံရိပ် ပြောတာတွေက ဖူကျို့အတွက် မှန်နေသလိုလိုပင်။

ဖူကျို့က ဒီနတ်ဘုရားပြောသွားတဲ့စကားတွေဟာ လုံးဝကို ပြန်လည်ချေပဖို့ခက်ခဲတယ်ဆိုတာကိုသိလိုက်ရသည်။

အေးလေနော် သူ့လိုယောကျာ်းလေးမျိုးက ရည်းစားရှာဖို့က ဘာများခက်မှာမို့လို့လဲ။

ကျန်းမြို့က မိန်းကလေးတွေသာမက ယောက်ျားလေးတွေကပါ သူ့ကို နတ်ဘုရားလို့ မှတ်ယူကြတာပဲလေ။

နာမည်ကြီးပြီးလူသိများတဲ့မိသားစုက မိန်းကလေးတွေတောင်မှ ချင်မိသားစုရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်တွေရဲ့ သွေးဆောင်မှုကို သည်းမခံနိုင်ကြဘဲကိုး။

ပြီးတော့ ဒီဟာတွေအားလုံးကို ဘေးဖယ်လိုက်မယ်ဆိုရင်တောင်မှ ဒီလိုခန္ဓာကိုယ်အချိုးအစားနဲ့ မျက်နှာလေးရယ်နဲ့ဆို သူက နိုက်ကလပ်က အလုပ်သမားလေးဖြစ်မယ်ဆိုရင်တောင်မှ နာမည်အကြီးဆုံးဖြစ်မှာပဲ၊ အခုကစပြီးတော့ ငါလေး ဒီနတ်ဘုရားကို ရည်းစားမရသေးဘူးဆိုတဲ့ ကိစ္စနဲ့ လိုက်မဖဲ့တော့ပါဘူးနော်! ဒီဟာက လုံးဝကို သူ့အပေါ်သက်ရောက်မှုမရှိတာပဲ ငါလေးရဲ့စာမေးပွဲရလဒ်တွေကို သူဖဲ့သွားသလိုမျိုး။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now