အခန်း (၅၄)

1.6K 171 2
                                    

ဘာသာပြန်သူ - Erata Team

အပိုင်း (၅၄) ချင်မော့ : ဒီဟာက ငါတို့တွေ့ဆုံမှုအတွက် လက်ဆောင်

သင့်ရဲ့သူငယ်ချင်း ချင်မော့က ၉၉၉၉၉၉ in game ရွှေဒင်္ဂါးပေးပို့ထားပါတယ် လက်ခံပါသလား။

၉၉၉၉၉၉ in-game ရွှေဒင်္ဂါးတဲ့လား။

ဒီရွှေဒင်္ဂါးတွေက တကယ့်ပိုက်ဆံနဲ့ဆို ယွမ် ကိုးသိန်းကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုး လောက်ကျတယ်လေဟ၊ စိန်သာဆိုရင်တော့ ဘယ်လောက်တောင်ဈေးကြီးလိုက်မဲ့ဖြစ်ခြင်းလဲ။

တစ်စုံတစ်ယောက်က ပိုက်ဆံအများကြီး ရှိနေလျှင်တောင် ထိုစိန်များကို ရရန် အလွန်ခက်ခဲပေသည်။
ဒီကြီးမြတ်လှတဲ့သခင်လေးချင်က ဘာတွေလုပ်နေတာလဲဟယ်။

ဖူကျို့က မည်သို့ပင် ဉာဏ်ကောင်းသည်ပြောပြော သည်တစ်ကြိမ်၌ ချင်မော့ ဘာတွေးနေမှန်း မခန့်မှန်းနိုင်တော့ပေ။

"လက်ခံလိုက်"

ချင်မော့က ပြောလိုက်သည်။

"ငါတို့ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်ပေါ့"

ဖူကျို့ : "..............."

ကြီးမြတ်လှတဲ့သခင်လေးချင်ရေ ဒီလိုလုပ်ရတယ်လို့ ဘယ်သူသင်ပေးလိုက်တာလဲဟမ်။

ဘာလို့ နင်လေး ငါ့ကို စေ့စပ်လက်ဆောင်ပေးနေတယ်လို့ ခံစားနေရတာပါလိမ့်။

နင်လေးလို ဂိမ်းထဲသူငယ်ချင်းကို ရော့အင့်ဆိုပြီး ပိုက်ဆံကြီး ချက်ချင်းလာပေးတဲ့သူမျိုးကိုတော့ ငါ ဒီတစ်သက်မမြင်ဖူးသေးပါဘူးနော်။

ဒီကောင်ကတော့ ချမ်းသာပြီးအကွက်ကျတာပဲ။ နင်လေးနဲ့တွေ့ရတာ ငါ ကံကောင်းသလား ကံဆိုးသလား ဆိုတာတောင်ခွဲခြားလို့ မတတ်တော့ဘူးနော်။

ဖူကျို့က သည်လိုတွေးလိုက်မိိသော်လည်း
"လက်ခံသည်"ဆိုသည့် ခလုတ်ကို မနှိပ်သေးပေ။ ရွှေဒင်္ဂါးအစား သူမက စိန်ကိုတော့ လက်ခံလိုက်တာဖြစ်သည်။ သို့မှသာ ဖူကျို့က စိန်ကို အသုံးပြုပြီး သူမကိုယ်သူမလူသစ် ဟု ထင်ရအောင် လှည့်စားနိုင်မည့် အကောင့်အသစ်လေးတစ်ခု ထပ်ဖွင့်နိုင်ပြီး အကောင့်နှစ်ခုလုံးအတွက်လက်နက်များကို ပြုလုပ်နိုင်မည်ဖြစ်ပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now