အပိုင်း (၁၃၅) သူ့ကိုအိမ်မှာရေချိုးဖို့ခေါ်လာတယ် ငါတို့ စီအီးအိုဂေးပြီလား

1.2K 98 0
                                    

အပိုင်း (၁၃၅) သူ့ကိုအိမ်မှာရေချိုးဖို့ခေါ်လာတယ် ငါတို့ စီအီးအိုဂေးပြီလား

ချင်မော့ဟာ သူ့အစည်းအဝေးမှာပဲ အာရုံစိုက်နေဆဲဖြစ်ပြီး သူ၏ဘယ်ဘက်မှာတော့ ရေတစ်ခွက် တည်ရှိနေတာဖြစ်လေသည်။

အစည်းအဝေးမှာပါဝင်သော မန်နေဂျာဖုန်းကလည်း ဘာလို့ သူ့ရဲ့စီအီးအိုချင်က ဘာလို့ ဒီနေ့အစည်းအဝေးမှာ အာရုံသိပ်မဝင်စားတာလဲဟု အသေအလဲစပ်စုချင်နေ၏။

"Electronic gameနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အိုင်ဒီယာအသစ်တစ်ခုရှိတယ်"

ဟိုဘက်ကလူတွေက အစည်းအဝေးမှာ

သူတို့တင်ပြချင်သည့်ဟာတွေ ပြောလို့ပြီးသွားတော့ ချင်မော့ဘက်မှ စကားစပြောလိုက်တာဖြစ်သည်။ နားကြပ် တပ်ထားရင်းနဲ့  ချင်မော့ရဲ့ပုံရိပ်ဟာ သာမန်လူတွေထက်ပိုပြီး ခံစားချက်ကင်းမဲ့သည့် စီးပွားရေးသမားအသွင်ပေါက်နေပေ၏။

"ငါတို့က ပိုပြီးအရည်အချင်းရှိတဲ့သူကိုရှာနေတာဆိုတော့ ငါတို့ရဲ့လက်ရွေးစင်အသင်းသားတွေကိုပါ အခုလာပြိုင်မဲ့လူတွေနဲ့ တူတူထပ်ဝင်ပြိုင်ခိုင်းလိုက်လေ"

"ကုမ္ပဏီက လက်ရွေးစင်အသင်းသားတွေအကုန်လုံးကိုပါ ထပ်ပြိုင်ခိုင်းမှာလား?"

ချင်ကုမ္ပဏီ၏မန်နေဂျာတွေဟာ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ချင်မော့နှင့် လက်တွဲအလုပ်လုပ်နေသော ဥရောပနိုင်ငံသားဟာ မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ချင် မင်းတို့ကိုယ်တိုင်ပဲ ဒီလက်ရွေးစင်ကစားသမားတွေကိုရွေးချယ်ပြီး အစီအစဉ် ဆွဲထားတာလေ"

"ဒါပေမဲ့ ဒီလိုအစီအစဉ်ဆွဲတာက အရင်လက်ထက်က ချင်ကုမ္ပဏီလေ ငါလွှဲပြောင်းယူထားတဲ့ အခုချင်ကုမ္ပဏီမဟုတ်ဘူး"

ချင်မော့၏အသံဟာ ခံစားချက်မဲ့လျက် သူ၏စီးပွားမိတ်ဖက်အရှေ့မှာတောင် ပြိုင်ဘက်ကင်းပြီး ပရော်ဖက်ရှင်နယ်ဆန်နေဆဲပင်။

"ငါတို့ ကုမ္ပဏီအတွင်းက လူတွေကိုပဲ ရွေးချယ်မှုပြုလုပ်မှာမဟုတ်ဘူး၊ ရော်ဘတ် ပြောတဲ့စကားတစ်ခွန်းကို ငါယုံကြည်တယ်  အရည်အချင်းအစစ်မှန်ရှိတဲ့သူတွေက လူအုပ်စုတွေကြားထဲမှာပဲ ရှိတတ်တယ်ဆိုတာကို"

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now