အပိုင်း (၁၉၈) အုပ်ထိန်းသူ ကြီးမြတ်တဲ့သခင်လေးချင်

972 101 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၁၉၈)  အုပ်ထိန်းသူ ကြီးမြတ်တဲ့သခင်လေးချင်
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ

ဖူကျို့ရဲ့ဆရာက သခင်လေးချင်ဆိုတာ ဘယ်သူကယုံမှာလဲ။

ယခုအခါ ထိုဆရာများ၏စိတ်တွင် နောင်တရလို့မဆုံးပေ။ သူတို့၏မျက်နှာများမှာ နီရဲနေကာ ပက်ကြားအက်နေသော မြေကြီးထဲသို့ ခုန်ချချင်စိတ်များ ဖြစ်နေတော့သည်။

ဒီလိုပါးရိုက်ခံလိုက်ရတာ သိပ်ရှက်ဖို့ကောင်းတာပဲ။

လူတိုင်းသည် ချင်မော့ မည်မျှအင်အားကြီးကြောင်း သိကြလေသည်။ သူသည် ထင်ရှားသောမိသားစုနောက်ခံ ရှိသည့်အပြင် ယှဥ်မရနိုင်သောရအမှတ်နှင့် ဉာဏ်ရည်တို့ကိုလည်း ပိုင်ဆိုင်ထားသည်။

သူမှန်အောင်မှန်းနိုင်ခဲ့သော ထိုရူပဗေဒမေးခွန်းများကို ကြည့်လိုက်ရင်း အဆင့်သတ်မှတ်ပေးရသော ကြီးကြပ်ဆရာသည် သိပ်မကြာခင်က ထိုသခင်လေးချင်သည် သူနှင့် ကျား-မ ထိုင်ခုံစည်းကမ်း အကြာင်းပြောရင်း သူ့အား ရူပဗေဒအတန်းများအကြောင်း မေးဖူးသည်ကို ရုတ်တရက် သတိရသွားတော့သည်။

သခင်လေးချင်က သူ့ချစ်သူကောင်မလေးအတွက် မေးခဲ့တာလို့ သူထင်ခဲ့တာ..... ဒါပေမဲ့ အခုတော့..... ဖူကျို့အတွက်များလား သူသဘောပေါက်မိသလို။

ထိုကိစ္စကို သတိရမိသွားပြီးနောက် အဆင့်သတ်မှတ်ပေးရသော ကြီးကြပ်ဆရာ၏မျက်လုံးများသည် လွန်စွာတုန်လှုပ် နေလေတော့သည်။ သူတို့သည် ယနေ့ပြဿနာကို လုံးဝကမောက်ကမ ဖြစ်အောင်လုပ်လိုက်ကြပြီး အထူးသဖြင့် ဖူကျို့ကို မှားယွင်းစွပ်စွဲခဲ့မိကြလေပြီ။

သို့သော်.....

ကြီးမြတ်သောသခင်လေးချင်သည် ထိုကဲ့သို့သောကိစ္စများတွင် ဘယ်သောခါမှ အခွင့်အရေးနှစ်ခါ မပေးချေ။

သူသည် သူ၏အနက်ရောင်လက်အိတ်ကို ချွတ်လိုက်ပြီး ဘာမှမဖြစ်သလိုမျက်လုံးများနှင့် ပြောလိုက်သည်။

“ ငါကြားတာတော့ တချို့ဆရာတွေက ဖူကျို့ မိဘမခေါ်မချင်း ပြန်မလွှတ်ဘူးဆို၊ အခု ကျူရှင်ကိစ္စလဲ ရှင်းသွားပြီဆိုတော့ ခင်ဗျားတို့တွေ ငါ့ညီငယ်လေးကို အကြပ်ကိုင်ပြီး မသမာမှုကို ဝန်ခံခိုင်းတဲ့ကိစ္စကို ဆက်ပြောကြတာပေါ့”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့Where stories live. Discover now